ဇာတ်လမ်းအကျဥ်း

38.2K 1.2K 125
                                    

ယွမ်ရှောင် (Gong)
ထန်လီအန်း (Shou)
လုမင်းထန် (လက်ဖက်စိမ်းကောင်)

သုံးနှစ်တာကာလအတွင်း ယွမ်ရှောင်က မတူကွဲပြားတဲ့နည်းလမ်းပေါင်းစုံနဲ့ လုမင်းထန်ရဲ့ဖြစ်တည်မှုက သူ့အတွက် ဘယ်လောက်အရေးပါတယ်ဆိုတာကို ထန်လီအန်းရဲ့ ရင်ထဲ စိမ့်ဝင်နေအောင်ကို ရိုက်သွင်းထားတယ် ။
​ပြီးတော့ ထန်လီအန်းက သူ့အတွက် ဇာတ်ရံတစ်ယောက်ပဲဆိုတာကိုပါ အမြဲသတိရနေစေတယ် ။

"ငါတို့က လက်ထပ်ထားရုံပဲ..လုမင်းထန်ပြန်လာတာနဲ့ ငါတို့ ကွာရှင်းကြမယ် "

ထန်လီအန်းပါးစပ်ကနေ လုမင်းထန်နာမည်ကို ခေါ်ပိုင်ခွင့်မရှိဘူး ။

ယွမ်ရှောင်က ပြောတယ် 'မင်းပါးစပ်က သူ့နာမည်ထွက်ဖို့ မထိုက်တန်ဘူး'တဲ့ ။

ထန်လီအန်း လက်ထပ်ပြီးတော့ သူ့တာဝန်မှန်သမျှ အတတ်နိုင်ဆုံး ကျေပွန်အောင်လုပ်ဆောင်ခဲ့တယ် ။ ယွင်ရှောင်ကိုလည်း ကောင်းကောင်းမွန်မွန်ပဲ ဆက်ဆံခဲ့ပြီး ကောင်းသည် ဆိုးသည် တစ်ခွန်းမှ မပြောခဲ့ဘူး ။

ငါက ယွမ်ရှောင်ရဲ့စိတ်ကို ပြောင်းလဲနိုင်မယ် ထင်ခဲ့တာ..ဒါပေမယ့် ကွာရှင်းမယ့်နေ့ကိုပဲ မတတ်သာစွာ ထိုင်စောင့်နေခဲ့ရတယ်..

ရှည်ကြာလှတဲ့ တစ်ဖက်သတ်ချစ်ခြင်းတွေ အဆုံးသတ်သွားချိန်မှာ ထန်လီအန်းတစ်ယောက် ယွမ်ရှောင်ရဲ့ ကမ္ဘာမှာ ထပ်ပေါ်မလာတော့ဘူး ။

ယွမ်ရှောင်က နှစ်ဝက်ကြာအောင် ကမ္ဘာအနှံ့ခြေဆန့်ပြီး ထန်လီအန်းကို ရှာခဲ့တယ် ။
ထန်လီအန်းရဲ့ မရေမတွက်နိုင်သော မျှော်လင့်ချက်လေးတွေကို ဖုန်တွေအလိမ်းလိမ်းတက်နေတဲ့ အဝါရောင်ဒိုင်ယာရီလေးထဲမှာ သူ တွေ့ပြီးတဲ့နောက်ပေါ့ ။

'ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော့်ကို တစ်ကြိမ်လောက် နမ်းပေးစေချင်တယ် '

'လုမင်းထန်, အဲ့ဒီနာမည်ကိုခေါ်ပြီး ဟားတိုက်ရယ်ပစ်လိုက်ချင်တယ်'

'ပျော်ရွှင်စရာ နှစ်ပတ်လည်လေးပါလို့ ခင်ဗျား ပြောလာစေချင်တယ် '

သုံးနှစ်ကျော်ကြာပြီးနောက်.......

ထန်လီအန်းတစ်ယောက် အထွတ်အထိတ်ရောက်ပြီး ပြီးမြောက်သွားချိန်မှာတော့ သူ့ဘေးမှာ ခွေးတစ်ကောင် ရှိနေခဲ့တယ် ။

အမြှီးလေး တနှံ့နှံ့ဖြင့် ယွမ်ရှောင်:
ဝုတ် ဝုတ် ဝုတ် ဇနီးလေး ဇနီးလေး ကိုယ့်ကို ကြည့်ပါဦး ဝုတ် ဝုတ် အာဝူး.........။

★★★★★★★★★★★★★★★★★★★★★★

ယွမ်ရှောင် (Gong)
ထန်လီအန်း (Shou)

















စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း(စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း)Where stories live. Discover now