Chapter 82

2.6K 294 14
                                    

ဒုတိယအသုတ် ပြိုင်ပွဲဝင်များရဲ့ ရမှတ်တွေလည်း ထွက်လာပြီ ။ မကြာမီ တတိယအသုတ် ပြိုင်ပွဲဝင်တွေ စင်ပေါ်ဖြတ်လျှောက်လာတော့မယ် ။

မူလကတော့ ရဲ့ရိဟန်ရဲ့ ကိုယ်ဟန်ပြမှုကို လုမင်းထန် ကြည့်ချင်ခဲ့သေးတာ ။ ဒါပေမဲ့ ခုတော့ အဲ့လို မလုပ်နိုင်တော့ဘူး ။ မှတ်သားလောက်အောင် ပညာလေးတော့ ပြပေးရမယ်လေ အဟက် ။

သူ့စနက်ကြောင့် နံပါတ် ၃၅ နဲ့ ၃၆က ဝတ်စုံဆင်တူပဲ ။ ဒါကြောင့် ရဲ့ရိဟန် ဝင်ပြိုင်ရဲတော့မှာ မဟုတ်ဘူး ။

သနားစရာပဲ ဟားဟား !!

နောက်ခံတီးလုံး စတင်တာနဲ့ တပြိုင်နက် မီးရောင်ဝိုင်းကြီးတွေကလည်း လျှောက်လမ်းတလျောက် တောက်ပစွာ လင်းလက်လာကြတယ် ။ ဆံပင်‌အထောင်နဲ့ ပြိုင်ပွဲဝင် နံပါတ် ၃၅ က စင်နောက်မှ ထွက်လာပြီဖြစ်တယ် ။ သူက အမူအရာမရှိတဲ့ မျက်နှာနဲ့ စင်ရှေ့ထိလျှောက်လာပြီး အေးတိအေးစက်ဟန်ကို ကြိုးစားမုဒ်သွင်းထားတယ် ။

ဒါပေမဲ့ သိသာလှစွာပဲ သူ မလုပ်နိုင်ခဲ့ဘူး ။ IN မဂ္ဂဇင်းအယ်ဒီတာက ထိုပြိုင်ပွဲဝင်အနေနဲ့ ဒိထက်ပို အားထည့်သင့်တယ်လို့ တွေးနေတယ် ။ အဲ့ဒီအပြင် သူ့ဝတ်စုံကလည်း အနည်းငယ် ခေတ်နောက်ကျနေပြန်တယ် ။

လုမင်းထန် တီးလုံးကို စည်းချက်ကျကျ ရေတွက်ရင်း သူ့မျက်လုံးကတော့ စင်ပေါ်က မခွာတော့ဘူး ။ နောက်တစ်ယောက်က နံပါတ် ၃၇ပဲ ဖြစ်သင့်တယ် ။

၆ , ၅ , ၄ , ၃ , ၂ , ၁....

စင်ရှေ့သို့ တစ်လှမ်းချင်း လှမ်းထွက်လာသော လူတစ်ယောက်ကြောင့် ရှုစားနေသူ ပရိသတ်အပေါင်း ပါးစပ်အဟောင်းသား ဖြစ်သွားတယ် ။

နီညိုရောင်ဆံပင်ကြားထဲမှ အပေါ်ထောင်တက်နေတဲ့ ချွန်မြိမြိ ချို(ဂျို)နှစ်ချောင်း ၊ မျက်လုံးထောင့်စွန်းမှာ အနားသတ်ထားတဲ့ အိုင်းလိုင်နာ အမည်းများ ၊ မထီတထီ ပြုံးနေတဲ့ နီရဲရဲ နှုတ်ခမ်းနှစ်လွှာကြားမှာ ထိုးထွက်နေတဲ့ ခပ်ချွန်ချွန် သွားစွယ်နှစ်ခု ။ ကမ္ဘာကြီးတစ်ခုလုံးကို ရေခဲတိုက်သွင်းပြီး မွှေနှောက်ဖျက်ဆီးပစ်တော့မယ့် သက်ရှိ နတ်ဆိုးဘုရင်တစ်ပါးကို မျက်ဝါးထင်ထင် တွေ့လိုက်ရသလိုပဲ ။

စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း(စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း)Where stories live. Discover now