Chapter 30

6.3K 701 29
                                    

ကျိုးနိုင်က အဝတ်အစားအသစ်တစ်စုံကို ရေချိုးခန်းတံခါးဝမှာထားပေးပြီး ဝတ်စုံ
ရောက်ပြီဖြစ်ကြောင်း တံခါးခေါက်ကာ အချက်ပေးလိုက်တယ် ။ ထျန်းလီအန်းမှာတဲ့အတိုင်း နေ့လည်စာရော အမျိုးသမီးဝတ်စုံနှစ်စုံပါ ဝယ်လာခဲ့တယ် ။

သူလည်း အခြေအနေအရပ်ရပ်ကို နားလည်ပါတယ် ။ ထျန်းလေးက အရာရာတိုင်းကို ဂရုတစိုက်ရှိလွန်းပေမယ့် ယွမ်ရှောင့်တုံ့ပြန်မှုတွေတော့ သူ မမြင်ခဲ့ဖူးဘူး ။

အချိန်တစ်ခုကြာပြီးနောက် ရေချိုးခန်းထဲမှ ထျန်းလီအန်းထွက်လာတယ် ။ သူ့ကိုယ်နဲ့အနီးတဝိုက်မှာ လာဗင်ဒါ ရေချိုးဆပ်ပြာနံ့လေး သင်းပျံ့နေတယ် ။

ရေစိုနေတဲ့ ဆံစ,ပျော့ပျော့လေးတွေက သူ့နဖူးထက်မှာ ခပ်ရှုပ်ရှုပ် ခွေဝဲကျနေပြီး အဲ့ဒီကရေစက်လေးတွေက ပါးပြင်ကိုဖြတ်ပြီး ကော်လာထဲထိ တစ်စက်စက်ကျဆင်းနေတယ် ။

ကျိုးနိုင်က ဆိုဖာတစ်လုံးထက်မှာထိုင်နေပြီး အဝေးကိုငေးနေတယ် ။

ငါ့ကောက နုပျိုနေသေးတာပဲ !

ထျန်းလီအန်းက အတွေးနဲ့အတူ သဘောတကျရယ်လိုက်တယ် ။ သူ တရုတ်ပြည်ပြန်ရောက်ပြီးတည်းက ခုလိုမျိုး ရယ်ခဲလှတယ် ။ တိတိပပပြောရရင် မရယ်မပြုံးသလောက်ပါပဲ ။

" ဒီမှာ "

ကျိုးနိုင်က သူ့ဝတ်စုံရဲ့အတွင်းအိတ်ကပ်ထဲက ဘရိုကိတ်သားနဲ့လုပ်ထားတဲ့ အပြာရောင်သေတ္တာငယ်လေးကိုထုတ်ပြီး ထျန်းလီအန်းကို ပေးလိုက်တယ် ။

" မင်း စိတ်ကြိုက်ရွေးပြီး အော်ဒါမှာထားတဲ့ လက်ကြယ်သီးလေးတွေ .. ငါ လာရင်းနဲ့ ဝင်ယူလာခဲ့တာ "

ထျန်းလီအန်းခေါင်းညိတ်ပြီး ဘရိုကိတ်သားသေတ္တာလေးကို ဖွင့်လိုက်တယ် ။ အထဲမှာ ရွှေရောင်လက်ကြယ်သီးလေးနှစ်လုံး ရှိနေတယ်။  ကြယ်သီးလေးတွေမှာ ကျူးလစ်ပန်းပုံကို အနုစိတ်ကျကျ လက်ရာမြောက်စွာ ထွင်းထုထားပြီး ကြည့်လိုက်ရုံနဲ့ တန်ဖိုးကြီးပြီး အထက်တန်းကျမှန်း သိသာလှတယ် ။

" ကျေးဇူးတင်ပါတယ် ကော "

ထျန်းလီအန်း ပျော်ရွှင်စွာ ဆိုလိုက်တယ် ။

စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း(စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း)Where stories live. Discover now