Chapter 31

4.7K 560 6
                                    

ပတ်ဝန်းကျင်လေထုက သူ့ကို ခဲတောင့်သွားစေတယ် ။ ကျိုးနိုင်လိုလူတောင် ထိတ်လန့်သွားရတဲ့အထိပဲ ။

ယွမ်ရှောင့်လက်က ထျန်းလီအန်းပါးပြင်ကို ပြင်းထန်စွာ ထိခတ်သွားပြီးနောက် ရပ်တန့်သွားတယ် ။ သူ့ရဲ့ စိတ်ခံစားချက်တွေက သူ့ရဲ့လုပ်ရပ်တွေကို ကြမ်းတမ်းလာစေတာ သိသာထင်ရှားလွန်းတယ် ။ သူက သူ့ကိုယ်သူ မထိန်းချုပ်လိုက်နိုင်ဘဲ စိတ်လိုက်မာန်ပါလုပ်လိုက်မိတယ် ။ နာကျင်ပါစေလို့ ရည်ရွယ်ပြီးလုပ်မိတာမျိုးတော့ မဟုတ်ဘူး ။

" ငါနဲ့ ပြန်လိုက်ခဲ့ ..နှစ်ခါထပ်မပြောရစေနဲ့ "

ယွမ်ရှောင် ထိုစကားတစ်ခွန်းသာဆိုပြီး အခန်းထဲမှ အရင်ထွက်သွားလေတယ် ။

နီရဲနေတဲ့လက်ချောင်းရာကြီးတွေက ထျန်းလီအန်းမျက်နှာထက်မှာ အထင်းသား ။ ထျန်းလီအန်းက နေရာမှာပဲ ကြက်သေသေနေခဲ့တယ် ။ သူက မှုန်ရီမှိုင်းဝေနေတဲ့မျက်လုံးတွေနဲ့ အိပ်ရာဘေးက စားပွဲပေါ်မှ ဘရိုကိတ်သေတ္တာလေးကို သွားယူလိုက်တယ် ။

" ထျန်းလေး .. သူနဲ့ တကယ်ပဲ ပြန်လိုက်သွားချင်ရဲ့လား "

ကျိုးနိုင်က ထျန်းလီအန်းရှေ့မှာ ပိတ်ရပ်ပြီး မေးလိုက်တယ် ။

ထျန်းလီအန်းမျက်လုံးထဲမှာ မျက်ရည်တွေ ပြည့်နှင့်နေပြီ ။ သူက စကားအနည်းငယ် ဆိုလိုက်တယ် ။

" ကျွန်ဝောာ် မလိုက်သွားဘူးဆိုရင် ......ကျွန်တော်ကြောက်တယ် ..ယွမ်ရှောင် , သူ ....သူ ကျွန်ဝောာ့်ကို နောက်ထပ်အလိုမရှိတော့မှာကို "

ကျိုးနိုင်က သူ့ရှေ့မှာ အားနည်းပြီး ကူကယ်ရာမဲ့နေတဲ့ ကောင်လေးကိုကြည့်ပြီး ကွဲပြားခြားနားတဲ့ လူနှစ်ယောက်ကို မြင်ယောင်လာတယ် ။ သူ့မှတ်ဉာဏ်ထဲမှာ အမြဲပြုံးနေတဲ့ သူ့ရဲ့ဂျူနီယာလေး နဲ့ အခုလက်ရှိ သူ့ရှေ့မှာရှိနေတဲ့ မျက်ရည်အပြည့်နဲ့ ဂျူနီယာလေး ။ ဒီဂျူနီယာလေးက သူနဲ့တဖြည်းဖြည်း ဝေးသထက်ဝေးသွားတယ်လို့ ကျိုးနိုင်စိတ်ထဲ ခံစားလာရတယ် ။

နောက်ဆုံးတော့ ထျန်းလီအန်းကို သွားခွင့်ပြုလိုက်တယ် ။

ဒါက လွန်ခဲ့တဲ့နှစ်အနည်းငယ်တည်းက ထျန်းလီအန်းကိုယ်တိုင် ဆုံးဖြတ်ထားတဲ့အရာဖြစ်ပြီး သူ တားနေလည်း ပြောင်းလဲသွားမယ်လို့ မဆိုနိုင်ဘူး‌ ။

စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း(စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း)Where stories live. Discover now