Chapter 75

2.4K 297 12
                                    

ရှီအန်ချန်း တံခါးပိတ်သွားပေမဲ့ လုမင်းထန်က နေရာမှာ ကြောင်တောင်တောင် ရပ်နေဆဲ ။

သူ့အပေါ် ယွမ်ရှောင်အကြင်နာမဲ့စွာ ပြုမူတာ ပထမဆုံးအကြိမ်ပဲ ။ နောက်တစ်နည်းဆိုရရင် ယွမ်ရှောင်က အားလုံးကို သိနှင့်နေပြီ ။ အပြစ်မှန်သမျှ ရှီးမူလင်ကို ထိုးချရအောင်လည်း သူမက သေပြီ ။ ထို့အပြင် သူမသေဆုံးမှုက မရိုးရှင်းဘူး ။

ယွမ်ဂရုက MY studio နဲ့ ဆက်ပြီးလက်မတွဲတာကို သူ စိတ်မပူဘူး ။ သူ့ရဲ့ လက်ရှိအနေအထားအရ စတူဒီယိုကို အချိန်မီ ပြန်ကယ်နိုင်တယ် ။ သူ့ရင်ထဲ အဓိကပူနေတာက ယွမ်ဂရုရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်နေရာပဲ။ အဲ့ဒီနေရာမှာ သူ မရှိတော့ရင် တကယ်ပဲ တခြားတစ်ယောက် ပျော်ပျော်ကြီး ရောက်လာလိမ့်မယ် ။

ယွမ်ရှောင့်နံဘေး ရပ်တည်နေနိုင်မယ့် အဲ့ဒီနေရာက သူ့အတွက်ပဲ ဖြစ်ရမယ် ။

( T/N .. ယွမ်ရှောင်က လုမင်းထန်အတွက် MY studio ကို ‌တည်ထောင်ပေးထားတယ် ။ လုမင်းထန်ကို စင်တင်ပေးတာလည်း ယွမ်ရှောင်ပဲ ။ နာမည်ကြီး စူပါမော်ဒယ်ဖြစ်လာတာ ယွမ်ရှောင့်ကြောင့် ။ ပြီးတော့ သူတို့လုပ်ငန်းနှစ်ခုကလည်း ဆက်နွယ်နေတယ် ။ ပုဂ္ဂိုလ်ရေးရော စီးပွားရေးရော ။ ယွမ်ရှောင်က ဘယ်ပွဲမဆို လုမင်းထန်ကိုခေါ်သွားပြီး ပွဲထုတ်တယ် ။ အဲ့တော့ လုမင်းထန်က အလိုလိုနေရင်း ပြိုင်ဖက်မရှိ ယွမ်ဂရုရဲ့ တရားဝင် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဖြစ်လာတယ် ။
ယွမ်ရှောင်က ဘာလို့ လုမင်းထန်အပေါ် အရမ်းကောင်းပေးရတာလဲဆိုတဲ့ အကြောင်းရင်းက နောက်ပိုင်းတွေကျရင် ပေါ်လာလိမ့်မယ် ။ ဒါပေမဲ့ ကိုယ်ကတော့ နား-လည်-ပေး-လို့-မ-ရ-ဘူး neverပဲ ။ ကုန်းတကာ့ ကုန်းတွေထဲ ဒီကုန်းကို အချဉ်ဆုံးမို့ ။ )

လုမင်းထန် သူ့ပုံရိပ်ကို သူပြန်မြှင့်တင်ဖို့ လုပ်တယ် ။ ရှပ်အင်္ကျီအိတ်ကပ်ထဲက လက်ပတ်နှစ်ခုထုတ်ပြီး သူ့လက်ကောက်ဝတ်က ကြိုးရာတွေပေါ် ပတ်လိုက်တယ် ။ ထို့နောက် ဟယ့်ရွှီထံဖုန်းခေါ်ကာ သူ့ပူပင်မှုတွေ လျော့ကျအောင်လုပ်တယ် ။

သူမကို Mမြို့တော်ခေါ်ပြီး ရှီးမူလင်နေရာ အစားထိုးရမယ် ။ ပြီးရင် ကီတာစကာရဲ့ ပရောဂျက်ထဲ ရင်းနှီးမြှုပ်နှံပြီး ရှယ်ယာရှင်တစ်ယောက်ဖြစ်အောင် လုပ်ရမယ် ။ အဲ့ဒါမှ ယွမ်ရှောင်နဲ့ ယှဉ်တွဲရပ်တည်နိုင်မှာ ။

စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း(စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း)Where stories live. Discover now