Chapter 37

5.4K 603 17
                                    

ဆောင်းဦးရဲ့ လမင်းလေးက စွန့်ခွာသွားပြီး ဆောင်းရာသီကို တိတိပပ ချဉ်းနင်းဝင်ရောက်လာခဲ့ပြီ ။

ပေါက်ဖွားလာစ ချစ်ခြင်းမေတ္တာလေးကတော့ အမြဲတမ်း တိတ်ဆိတ်စွာ သိုဝှက်သိမ်းဆည်းခံထားရလျက် ။ မငြိမ်မသက်ဖြစ်နေတဲ့ နှလုံးသားလေးက တဖျတ်ဖျတ်နဲ့ သိမ့်သိမ့်လေး လှုပ်ခုန်နေတယ် ။

ထျန်းလီအန်းလည်း အဲ့လိုပါပဲ ။ သစ်အယ်သီးကိတ်လိပ်လေးကိုင်ထားပြီး အရမ်းဆွဲဆောင်မှုရှိတဲ့ သစ်တော်ပန်းပွင့်လေးတစ်ပွင့်က သူ့အရှေ့မှာ ရပ်နေတယ် ။

သူမက ကတုန်ကရင်ဖြစ်နေတဲ့လက်တွေကို ရှေ့နောက်လွှဲပြီး လှုပ်ခတ်နေတဲ့ မျက်ဆန်လေးတွေထဲမှာ ပူပန်မှုတွေအပြည့် ။ သူမရဲ့လက်သေးသေးလေးက ပန်းရောင်နဲ့အဝါရောင် ရောစပ်ထားတဲ့ စာလေးတစ်စောင်ကို ကိုင်ထားတယ် ။

ကြည့်ရတာ Class 3 က ကျောင်းသူလေးပဲ ။

ထျန်းလီအန်း သူမကို ဘယ်လိုငြင်းထုတ်ရမလဲဆိုတာ အဖြေရှာပြီးရုံရှိသေးချိန်မှာ သူမက တိုးတိမ်ဖျော့တော့တဲ့အသံလေးနဲ့ ပြောလာတယ် ။

" ငါ့ကိုလေ ကူညီပြီး ဒီစာလေး ပေးပေးပါလား ကျိုး ......ကျိုးနိုင်ဆီကို "

သူမက မျက်လွှာအောက်ချပြီး လက်ထဲက စာကို ငုံ့စိုက်ကြည့်ကာ သူမရဲ့ဆံပင်ပျော့ပျော့တွေကြားမှ နားရွက်ဖျားလေးတွေက ရဲတွတ်နေပြီ ။

" ကောင်းပြီ "

ထျန်းလီအန်း ကိုးရိုးကားယားပြုံးပြီး သူမလက်ထဲက စာကိုယူကာ သူမရဲ့ ရူးသွပ်တဲ့အပြုအမူကိုတော့ ဘာမှမပြောခဲ့ဘူး ။

သူမက လေသံယဲ့ယဲ့လေးနဲ့ ကျေးဇူးစကားဆိုကာ လျင်မြန်စွာ ပြေးထွက်သွားတယ် ။

မိန်းကလေးရဲ့ အတွေးက တကယ်နှစ်လိုဖွယ်ရာပဲ ။ စာက ပြိုင်ဘက်ကင်းပြီး ပန်းရနံ့လေးတွေ သင်းလို့ ။

စာက စာအိတ်မပါဘဲ နှစ်ခေါက်မျှသာ ခေါက်ထားတယ် ။ ထျန်းလီအန်း စာလေးကို ဂရုတစိုက်နဲ့ အိတ်ကပ်ထဲထည့်ကာ အတန်းထဲကို ဝင်လာတယ် ။ အတန်းထဲရောက်မှ လေ့ကျင့်ခန်းစာအုပ်တစ်အုပ်ထုတ်ပြီး စာ‌လေးကို စာအုပ်ကြားမှာ ညှပ်ထားလိုက်တယ် ။ ကျိုးနိုင်နဲ့ တွေ့မှပဲ ပေးလိုက်မယ်ဆိုတဲ့ အတွေးနဲ့ ။

စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း(စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း)Where stories live. Discover now