Chapter 76

2K 309 10
                                    

ရဲ့ရိဟန် သေချာကြည့်ပေမဲ့ ဘာမှသိပ်မကွာခြားလှဘူးလို့ ထင်မိတယ် ။ သူ့မှာ အရည်အချင်းမပြည့်ဝသေးတာလည်း ဖြစ်ကောင်းဖြစ်လိမ့်မယ် ။ ထူးထူးခြားခြား ကွာဟနေတာမျိုး လုံးဝရှာမတွေ့ဘူး ။ ဒါမှမဟုတ် မနေ့ညတုန်းက မိတ်ကပ်ပါပြီး အခု မိတ်ကပ်မပါလို့လား။

ရဲ့ရိဟန် ဖြစ်နိုင်ချေရှိသမျှ လှည့်ပတ်တွေးတယ် ။ ရှီရန်ယွိပို့ပေးတဲ့စာက အကြောင်းမဲ့တော့ မဟုတ်ဘူးပဲ ။ ရဲ့ရိဟန် ပိုပြီးလေးနက်တည်ကြည်လာတယ် ။

" ဆရာလု , ကျွန်တော်ကတော့ ဘာမှမကွာဘူးလို့ ထင်တာပဲ .. ကျွန်တော်ဘယ်နေရာ လိုအပ်နေလဲ ဆရာ ပြောပြပေးဖို့ မျှော်လင့်ပါတယ် "
ရဲ့ရိဟန် ဆက်မလျှောက်တော့ဘဲ စင်အောက်ဆင်းကာ လုမင်းထန်ဆီ သွားတယ် ။

ဆရာလုရဲ့ စကားလုံးတွေက သူ့ကို ဖိအားဖြစ်စေတဲ့ပုံပဲ ။

" မင်းကိုယ်မင်း ဘာထင်နေတာလဲ .. မင်းက ရဲ့ရိဟန် .. တခြားလူမဟုတ်ဘူး ..ဘယ်လိုလျှောက်ရမလဲတောင် မင်း မတွေးတတ်ဘူးလား . ကောင်းကောင်းလျှောက် .. နားလည်လား "

လုမင်းထန် ဘယ်လိုဆူငေါက်ပါစေ ရဲ့ရိဟန်က ငြင်းဆန်ခြင်းမရှိဘဲ ကျိုးနွံစွာ သင်ယူတယ် ။

" ကောင်းပါပြီ ဆရာ .. ကျွန်တော့်ကို နောက်ဆုံးတစ်ကြိမ် ပြန်လျှောက်ခွင့်ပြုပါ "

" သွား .. ဒါ နောက်ဆုံးတစ်ခေါက်ပဲ "

ရဲ့ရိဟန် စင်ပေါ်မတက်မီ အသက်ဝဝရှူတယ် ။ ထို့နောက် ပန်းပွင့်အဆင်ရှပ်အင်္ကျီကိုချွတ်ကာ ဂျင်းဘောင်းဘီအိတ်ကပ်ထဲ တစ်ဝက်ထည့်တယ် ။ တစ်ဝက်က အပြင်မှာ ကပိုကရိုနဲ့ ကျနေတယ် ။ သူ့ကိုယ်ထက်မှာ လျော့ရဲရဲ နက်ခ်တိုင်အနက်လေးနဲ့ ဝေ့စ်ကုတ်တစ်ထည်တည်း ။ သူ့လက်မောင်းသားလေးတွေက ဖြူနုပြီး ရှိသင့်ရှိထိုက်တဲ့ ကြွက်သားအနည်းငယ်ရှိနေတယ် ။

ကန့်လန့်ကာနောက် ရပ်ပြီးချိန်မှာတော့ နောက်ခံတီးလုံးလည်း တကျော့ပြန်လာပြီ ။

ရဲ့ရိဟန် ကိုယ်ဟန်မတ်မတ်နဲ့ လျှောက်လာပြီး လျှောက်လမ်းအလည်အရောက် ကပိုကရိုထည့်ထားတဲ့ ပန်းပွင့်ရှပ်ကိုဆွဲထုတ်ပြီး ကော်လာကနေ လက်ညှိုးနဲ့ချိတ်ကာ ပခုံးပေါ် လွှားလိုက်တယ် ။ ကျန်လက်တစ်ဖက်က နဖူးစပ်က ဆံယဉ်နုလေးတွေကို သပ်တင်လိုက်တယ် ။

စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း(စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း)Where stories live. Discover now