Chapter 25+26+27 (U)

5.8K 602 34
                                    


သတင်းက နောက်ထပ်တစ်နာရီအတွင်းမှာ forward လုပ်သူ ၊ share လုပ်သူပေါင်းများစွာကြောင့် ရှာဖွေခံရမှုအများဆုံးသတင်းဖြစ်သွားတယ် ။ ထို့အပြင် အကောင့်တုတွေက တစ်နာရီခွဲတောင်မကြာဘဲ တစ်ချိန်တုန်းက သူတို့နှစ်ဦးဟာ ရှမန် အလယ်တန်းကျောင်းမှာတည်းက အတန်းဖော်တွေဆိုတာကိုတောင် ထုတ်ဖော်လာကြတယ် ။

" လုမင်းထန် , ဌာနခွဲ ၅က စမ်းသပ်ခန်းနံပါတ် ၀၃၆ ကို သွားပေးပါရှင့် "

မျက်နှာကြက်ရှိ စပီကာမှ အမျိုးသမီးသတ္ထုသံ ထွက်ပေါ်လာတယ် ။ လုမင်းထန် ဖုန်းကိုချပြီး မျက်နှာကိုmask တပ်ကာ ဖုံးကွယ်လိုက်တယ်။ ထို့နောက်  လက်ထဲမှာ ဆေးစာအုပ်ကိုင်ပြီး ဌာနခွဲ ၅ သို့ လျှောက်လှမ်းသွားတယ် ။

ဌာနခွဲ ၅က အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ဌာန ။ လုမင်းထန်လည်း စမ်းသပ်ခန်းထဲဝင်ကာ ဆရာဝန်ထံ သူ ယူဆောင်လာတဲ့ ဓာတ်ခွဲခန်းအဖြေကို ပေးလိုက်တယ် ။ အဖြေက နောက်ဆုံးတစ်‌ခေါက်စစ်ထားတာနဲ့ သိပ်မကွာဘူး ။

ပြင်းထန်စွာ အစာအိမ်နာခြင်း ။ အစာမာမာတွေ မြောက်များစွာ စားပြီး ရေခဲ နဲ့ ဝမ်းအေးစေတဲ့အစာမျိုးစားခြင်းကြောင့်ဖြစ်တဲ့ ရောဂါလက္ခဏာ ။

" ဆေးကတော့ အရင်တစ်ခေါက်က ဆေးပဲဆက်သောက်ပါ ..တတ်နိုင်ရင် ရေခဲတွေလျော့စားပေးပါ ..ရေခဲရေထက် ရိုးရိုးရေကိုသောက်တာ ပိုကောင်းပါတယ် .."

ဆရာဝန်က သတိပေးလိုက်တယ် ။ လတ်တလောမှာ အစာအိမ်နာတာ ၊ အူလမ်းကြောင်းထိခိုက်တာတွေကြောင့် အပွိုင့်မန့်ယူထားတဲ့လူနာတွေ တိုးလာတယ် ။ ဒါကြောင့် ဆရာဝန်တွေလည်း မပေါ့ဆရဲဘဲ လူနာတွေကို လေးလေးနက်နက်သတိပေးနေရတယ် ။

လုမင်းထန်က မျက်ခုံးအစုံတွန့်ချိုးလျက် ခေါင်းညိတ်ပြီး ဆေးစာရွက်ယူကာ ကျွမ်းကျင်စွာနဲ့ ကောင်တာမှာ ငွေရှင်းလိုက်တယ် ။

အရေးပေါ်ခန်းတစ်ခုရှေ့က ဖြတ်အလျှောက် တံခါးဝမှာ ထိုင်နေတဲ့လူတစ်ယောက်ကို မြင်လိုက်တယ် ။ ထိုလူက နာရီပိုင်းအတွင်း ပူပူနွေးနွေး သတင်းမွှေးလာတဲ့ လူ ။

လုမင်းထန် ထိုလူ့အနားမှာ ရပ်လိုက်တယ် ။ သူ သိပ်တော့မသေချာဘူး ။ ထိုလူရဲ့ဝတ်စုံက ပုံထဲကဝတ်စုံနဲ့ အတော်လေးတူတယ် ။ ဒါပေမယ့် အနည်းငယ်လည်း ကွဲပြားနေသလိုပဲ ။ ထိုလူ့မျက်နှာထက်မှာ ခပ်ပါးပါး ထိတ်လန့်မှုလေးရှိနေပြီး သူ ဟုတ် မဟုတ် ပြောရခက်စေတယ် ။

စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း(စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း)Where stories live. Discover now