Chapter 35 + 36

5.8K 650 12
                                    

Every Monday လို့ပြောထားတာ မှန်ပါတယ်.. but လကုန်ပြီးမှလို့ ထည့်ရေးထားပါတယ်နော်.. ဒီ Manday မှ စမှာပါ..ကိုယ် ကတိမဖျက်ပါဘူးနော်.. တစ်ပတ်စောပြီးဖတ်ချင်ရင်တော့ WeAssist မှာ သွားဖတ်လို့ရပါတယ်.. အဲ့ဒီမှာ 37ထိ တင်ပြီးသွားပါပြီ

♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

ထျန်းလီအန်း ကားထဲဝင်ထိုင်ပြီးနောက် ကွာရှင်းစာချုပ်
ကို ဘေးခုံပေါ်သို့ ပြီးစလွယ် ပစ်တင်လိုက်တယ် ။ သူ့လက်တွေက steering wheel ပေါ်တင်ထားပြီး အားမရှိစွာ ဆုပ်ကိုင်ထားတယ် ။ သူ့ခေါင်းကို သူ့လက်တွေထက်မှာ ဖေးတင်ပြီး အသက်ကို ပင်ပန်းကြီးစွာ ရှုနေရတယ် ။

စိတ်ငြိမ်အောင် ကြိုးစားထိန်းချုပ်နေပေမယ့် ယွမ်ရှောင်နဲ့ လုမင်းထန်ရဲ့ စကားသံတွေက သူ့စိတ်ထဲမှာ တဝဲလည်လည်နဲ့ ကျန်နေရစ်ဆဲ ။ ကြည်လင်ပီသတဲ့ စကားလုံးတစ်လုံးစီတိုင်းက သူ့ကို ခြောက်လှန့်နေတယ် ။

တစ်ခန်းလုံးအပြည့် ထုံသင်းနေတဲ့ ပန်းရနံ့တွေက သူ့အင်္ကျီမှာတောင် စွဲကျန်ရစ်ခဲ့တယ် ။

ယွမ်ရှောင်က ပန်းမကြိုက်ဘူး ။

ဟုတ်တာပေါ့ ! သူ စိုက်တဲ့ပန်းကိုပဲ မကြိုက်တာ !

ထျန်းလီအန်း အံကြိတ်လျက် လုမင်းထန်နာမည်ကို တတွတ်တွတ် ခေါ်မိတယ် ။

" လုမင်းထန် "

" လုမင်းထန် "

" လုမင်းထန် , မင်းနာမည်ကို အားရအောင်ခေါ်ပြီး ဟားတိုက်ရယ်ပစ်မယ် "

......

နောက်တစ်နေ့ မနက်စောစောမှာ ကျန်းဟူက ကျန်းမင်ကို ‌ဟုန်ကုဆိပ်ကမ်းရဲ့ ရုံးခန်းထဲမှာ စောင့်နေတယ် ။ F မြို့တော်ကို အရေးကြီးတဲ့ကုန်စည်တွေပို့ဖို့ သူတို့ စီစဉ်ပြီးသွားပြီ ။ ကုန်စည်တွေနဲ့အတူ အရည်အချင်းရှိပြီး လုပ်ငန်းကျွမ်းကျင်သူတစ်ယောက်လည်း လိုက်သွားရမှာ ။

ကျန်းဟူ ပထမဆုံးစဉ်းစားမိတာက ကျန်းမင်ပဲ ။ မစ္စတာ ရှီအန်းကလည်း ကျန်းမင်ကိုပဲ လိုက်သွားခိုင်းတယ် ။

သူ့လက်မှာပတ်ထားတဲ့ ရှေးဟောင်းနာရီက ခြောက်နာတိတိကို ညွှန်ပြလျက် ။ ကျန်းဟူ မျက်မှောင်ရေးရေးကြုပ်လိုက်တယ် ။ တစ်နာခွဲတောင် နောက်ကျနေပြီကို ကျန်းမင်က ရောက်မလာသေးဘူး ။

စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း(စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း)Where stories live. Discover now