Chapter 16

6.2K 791 18
                                    

ဒေါက်တာရှီရှန်းမှာ နှစ်လိုဖွယ်ရာ မျက်လုံး နဲ့ မျက်ခုံးတွေရှိတယ် ။ ခေါင်းထက်က ဆံပင်ဖုံ
ဖုံကို ခပ်တိုတိုညှပ်ထားပြီး မျက်နှာထက်မှာ မီးခိုးရောင်ဖန်ကိုင်းမျက်မှန်ကို တပ်ထားတယ် ။ သူက လူတွေကို အကြံဉာဏ်ပေးတဲ့နေရာမှာ ပါရမီရှိတယ် ။

လုမင်းထန်နဲ့ ယွမ်ရှောင်က သူ့ရဲ့ကျောင်းနေဘက်ဟောင်းတွေ ။ ဖိတ်စာကို သူ မြင်လိုက်တဲ့အချိန်မှာ ထျန်းလီအန်းအဖေ ဘာကြောင့်ရက်ရက်စက်စက်ရိုက်ရတာလဲဆိုတာ သူ ခန့်မှန်းလို့ရသွားပြီ ။

ထျန်းလီအန်းက ဒီပွဲကို တက်ချင်ခဲ့တာပဲဖြစ်ရမယ် ။

ရှီရှန်း ဖိတ်စာကို ယွမ်ရှောင့်ထံကမ်းပေးကာ တိုးတိမ်ပြီး တည်ငြိမ်တဲ့လေသံနဲ့ ဆိုလိုက်တယ် ။

" ဒီဒဏ်ရာတွေက တစ်ပတ်လောက်နဲ့ ပျောက်မှာမဟုတ်ဘူး ..ပြီးတော့ ဖျားလည်းဖျားနေတယ် ..ဆေးသွင်းပြီးတာတောင် အဖျားကျချင်မှကျမှာ ..ရောဂါလက္ခဏာတွေကိုတော့ မင်း သိနိုင်မှာမဟုတ်ဘူး "

ယွမ်ရှောင်က အင်းမလုပ်အဲမလုပ် ။ သူ့မျက်လုံးတွေက ခုတင်ပေါ်က ထျန်းလီအန်းထံပါးမှာသာ စွဲမြဲလျက် ။ ဒါကြောင့် ရှီအန်ချန်းကပဲ ဖိတ်စာကို လှမ်းယူလိုက်ရတယ် ။

ထျန်းလီအန်းက အသက်မဲ့နေတဲ့လူတစ်ယောက်လို လဲလျောင်းနေတယ် ။ ကျောပြင်မှသွေးတွေကိုတော့ အရက်ပြန်နဲ့ဆေးကြောပြီး ဒဏ်ရာပေါ်မှာ ဆေးအနည်းငယ် လိမ်းထားတယ် ။

ရှီရှန်းက ဒဏ်ရာတွေကို ပိုးသတ်ဆေးတစ်မျိုး နောက်တစ်ကြိမ်ထပ်လိမ်းပေးပြီး အဖြူရောင်‌ကော်တွန်သားအဝတ်နဲ့ အုပ်ပေးလိုက်တယ် ။ လည်ပင်းနောက်က ဒဏ်ရာကလည်း ထိုးကြိတ်ခံထားရပုံမပေါ်တာကြောင့် သာမာန်လိမ်းဆေးလေးပဲ လိမ်းပေးဖို့ ရှီရှန်း ဆုံးဖြတ်လိုက်တယ် ။

" ဘော့စ် , ဒီဖိတ်စာက သခင်လေး ထျန်းကို နာမည်တပ်ပြီး ထျန်းအိမ်ဝောာ်ကို ပို့လိုက်တာ ..ဒါပေမယ့် ဧည့်သည်စာရင်းမှာ ကျွန်တော်တို့နှစ်ယောက်နာမည်ပဲတွေ့တယ် ..သခင်လေး ထျန်းရဲ့နာမည် မပါဘူး "

ရှီအန်ချန်း ဖုန်းကိုဖွင့်ပြီး ပါတီပွဲရဲ့ ဧည့်သည်စာရင်းကို အပြန်ပြန်အလှန်လှန် ပြူးပြဲကြည့်တယ် ။

စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း(စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း)Where stories live. Discover now