Chapter 86

3K 267 20
                                    

အစည်းအဝေးခန်းထဲမှာ ဝတ်စုံပြည့်ဝတ်ထားတဲ့ ဝန်ထမ်းတွေ ထိုင်နေကြတယ် ။ သူတို့လက်ထဲမှာ မော်ဒယ်သစ်လေးတွေရဲ့ ကိုယ်ရေးဖိုင်တွဲ တစ်ခုစီနဲ့ ။

သူတို့မှာ တက်သစ်စမော်ဒယ်လေးတွေနဲ့ ပတ်သတ်ပြီး ကိုယ်ပိုင်အမြင်တွေ ရှိကြတယ် ။ သူတို့ထဲက နှစ်ယောက် သုံးယောက်လောက်ကတော့ ဘယ်ဘက်မှမပါတဲ့ ပုံစံမျိုး ဖမ်းထားကြတယ် ။

သက်ကြီးပိုင်းလူတစ်ယောက်က မျက်မှန်ကိုင်းကို ပင့်တင်ပြီး စကားစတယ် ။

" အခုလာမယ့် အသစ်လေးက ဥက္ကဌယွမ် အကြံပြုထားတဲ့လူဆိုတာ သေချာလား ..  ဒီနှစ်ပိုင်းအတွင်း ယွမ်ဂရုနဲ့ MY စတူဒီယို ခွာပြဲသွားတာ ဒါ ပထမဆုံးအကြိမ်ပဲ .. ကိုယ်စားလှယ်တောင် ပြောင်းလိုက်ပြီဆိုတော့လေ .. အိုက်ရိုး တကယ်ကို မျက်လှည့်ဆန်တာပဲ "

" ဥက္ကဌယွမ်ရဲ့ အတွေးကို ကျွန်တော်တို့လည်း မခန့်မှန်းနိုင်ဘူးလေ .. ထျန်းသခင်လေး သေဆုံးမှုကြောင့် ဥက္ကဌယွမ် ခဏလောက် ကိုယ်ရှိန်သတ်လိုက်တာ ဖြစ်ရင်ဖြစ်မှာပေါ့ .. အဲ့ဒါကြောင့် ယာယီကိုယ်စားလှယ် ခန့်လိုက်တာ မဟုတ်လား "

ရှီအန်ချန်းနဲ့ ရဲ့ရိဟန်က တံခါးဝရောက်ရောက်ချင်းပဲ အဲ့စကားတွေ ကြားလိုက်ရတယ် ။

ပြောတဲ့လူက ဘာရယ်မဟုတ် ပြောလိုက်တာပဲ ။ ကြားရသူ(ပြောခံရသူ)အတွက်တော့ အောင့်သက်သက်ပေါ့ ။

ဒါပေမဲ့ ဒီလို အတင်းအဖျင်းစကားတွေက ရဲ့ရိဟန်အပေါ် အကျိုးသက်ရောက်မှု မရှိဘူး ။ ဘာကြောင့်လဲဆိုတော့ ယွမ်ရှောင် ကိုယ်စားလှယ်ပြောင်းရတဲ့ အကြောင်းရင်းကို သူ သိနေလို့ ။ လုမင်းထန်က သူစိုက်သမျှ သူပြန်ရိတ်သိမ်းရတာ ။ ဘယ်သူမပြု မိမိမှုပဲ ။

ရှီအန်ချန်း ချောင်းအနည်းငယ်ဟန့်ပြီး တံခါးဖွင့်လိုက်တာ‌ကြောင့် အခန်းထဲက စကားသံတွေ တိခနဲ တိတ်ကျသွားတယ် ။ တစ်ခါမှ မပြဖူးတဲ့ ရှီအန်ချန်းရဲ့ အရှိန်အဝါကို ရဲဲ့ရိဟန် ခံစားမိလိုက်တယ် ။

ရိဟန်နဲ့ ရှီအန်ချန်း ရှေ့ဆင့်နောက်ဆင့် ဝင်လာကြတယ် ။

ရဲ့ရိဟန်ကိုမြင်တဲ့ အခိုက်အတန့်မှာ အခန်းထဲက လူအားလုံး အံ့ဩမှုကြောင့် မေးရိုးပြုတ်မတတ် ပါးစပ်အဟောင်းသား ဖြစ်သွားကြတယ် ။

You've reached the end of published parts.

⏰ Last updated: Apr 28 ⏰

Add this story to your Library to get notified about new parts!

စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း(စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း)Where stories live. Discover now