Chapter 9

5.5K 745 30
                                    

ထျန်းလီအန်းအနေနဲ့ လုမင်းထန်ကို မြင်ဖူးတာ ဒါ ဒုတိယအကြိမ်‌မြောက်ပဲ ။

ပထမအကြိမ်က သူနဲ့ ယွမ်ရှောင် မင်္ဂလာဆောင်တဲ့အချိန်မှာ ယွမ်ရှောင်ရှိရာဟိုတယ်ကို လုမင်းထန် လိုက်လာခဲ့တုန်းက ။

အဲ့ဒီတစ်ကြိမ်က လုမင်းထန်နဲ့ သူ နောက်ဆုံးတွေ့ခဲ့တာ ။ အခု တံခါးဖွင့်ဖွင့်ချင်း လုမင်းထန်ကို ထပ်တွေ့လိုက်ရတော့ ........။

လုမင်းထန်က သူ့ကို မြင်ပေမယ့် ယွမ်ရှောင်က မမြင်ဘူး ။ မြင်ရဲ့သားနဲ့ စွဂရုမစိုက်တဲ့အထာဖမ်းပြီး မမြင်ချင်ယောင်ဆောင်နေတာလည်း ဖြစ်နိုင်ပါတယ် ။

ရုတ်တရက်တော့ ထျန်းလီအန်း ဒေါသထွက်ပြီး ယွမ်ရှောင်ကို ရန်လုပ်လုနီးပါးဖြစ်သွားရတယ် ။ဒါပေမယ့် ဖြစ်လေ့ဖြစ်ထရှိတဲ့အတိုင်းပါပဲ ။ သူတောင် ပါးစပ်မဟရသေးဘူး ယွမ်ရှောင့်ထံမှ အေးစက်စက် အမေးစကားထွက်လာတယ် ။

" မင်း မရှက်ဘူးလား "

လုမင်းထန်က အနက်ရောင်ဆံပင်တွေကို နက်ပြာရောင် ဟိုက်လိုက်ဖောက်ထားပြီး သူ့တစ်ကိုယ်လုံးက အပြစ်ပြောစရာတစ်ကွက်မှ မရှိအောင် ပြေပြစ်လွန်းလှတယ် ။ သူက မျက်နှာကို မော့ချီထားပြီး လှလှလေးပြုံးလို့ ။

ဒီနေရာကို ဘယ်ဧည့်သည်မှ လာလို့မရဘူးလား ထျန်းလီအန်း မသိဘူး ။ အခန်းထဲက လူတွေက သူ့ကိုမြင်တော့ ကိုးရိုးကားရားနဲ့ ပြုံးပြလာကြတယ် ။

ထျန်းလီအန်း ဂရုစိုက်မနေတော့ပါဘူး ။ ဒီလို အနေအထား ၊ ဒီလိုအခြေအနေတွေကို သုံးနှစ်လုံးလုံး ကြုံခဲ့ရပြီးပြီပဲ ။ ဒေါသတွေလည်း ထူးပြီး ထွက်မနေတော့ပါဘူး ။

ထျန်းလီအန်း ချက်ချင်းပဲ နှုတ်ခမ်းထက်မှာ အပြုံးလေးတစ်ပွင့် ပွင့်ဖူးလိုက်ပြီး ပေါ့ပေါ့ပါးပါးပဲ ဆိုလိုက်တယ် ။

" ခွင့်လွှတ်ပါခင်ဗျာ ..အားလုံးကို နှောင့်ယှက်မိပြီ ..ကျွန်တော့်ညီမ ယွမ်လင် မှာထားတဲ့ အိတ်လေးလာယူတာပါ..ကျွန်တော့်ညီမနဲ့ ဆက်သွယ်ထားတဲ့လူက ဘယ်သူလဲဆိုတာ ကျွန်တော့်ကို ပြောပြနိုင်မလား ...သူမ အလျင်လိုနေတာမို့ ကျေးဇူးပြုပြီး ကျွန်တော့်ကို မြန်မြန်လေး ဖြေပေးပါခင်ဗျာ "

စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း(စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း)Where stories live. Discover now