Chapter 5

6.3K 806 10
                                    

ကျန်းဟူက သီချင်းကို နောက်တစ်ကျော့ ပြန်ဖွင့်ပြီး လှုပ်ကုလားထိုင်ကိုလှုပ်ကာ ခေါင်းနောက်မှာ လက်ကိုခုထားတယ် ။

" မင်း ဘာလို့ မိုက်မိုက်မဲမဲနဲ့ ရာဇဝတ်မှုကို ကျူးလွန်ခဲ့ရတာလဲ..မင်း ပုံစံလေးနဲ့ ထင်တောင်မထင်ရဘူး..အေးပေါ့လေ..ထားပါဝောာ့ ..လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိကြတာပဲ..ငါ နားလည်ပါတယ်..ပြီးရင် ဟုန်ကုဆိပ်ကမ်းသွားကြမယ်..စာရွက်စာတမ်းတွေယူပြီး ငါနဲ့လိုက်ခဲ့ဦး "

ထျန်းလီအန်း ခေါင်းညိတ်ကာ လိုအပ်မယ့် စာရွက်စာတမ်းတွေကို ပြင်ဆင်ထားလိုက်တယ် ။

သူ ယွမ်ရှောင်ကို ချစ်လွန်းလို့ လက်ထပ်ပြီး
'အိမ်ထောင်ရေး'ဆိုတာနဲ့ ချည်နှောင်ထားခဲ့တာ သုံးနှစ်တောင်ရှိပြီ ။ အဲ့ဒါက ယွမ်ရှောင့်အတွက် အကျဉ်းထောင် ဖြစ်နေလေမလား ။

ဒါပေမယ့် သိပ်မကြာခင်လေးကမှ လုမင်းထန်အတွက် စတူဒီယိုထောင်ပေးပြီး နှစ်ယောက်သား လက်တွဲလုပ်ကိုင်တာကို အကြောင်းပြပြီး လွတ်လွတ်လပ်လပ်နဲ့ တူနှစ်ကိုယ်တိုင်းပြည်လေး တည်ဆောက်နေရောပေါ့ ။

သူက တွေးပူစရာမဟုတ်တာကို တွေးပူနေမိပြီထင်ပါရဲ့ !

ထို့နောက် ကျန်းဟူနဲ့အတူ ဟုန်ကုဆိပ်ကမ်းကိုသွားပြီး ကုန်ပစ္စည်းစာရင်းတွေလုပ်ပြီးတဲ့နောက် ညစာစားချိန်တောင် ရောက်လုနေပြီ ။

တကယ်တော့ ဒီနေ့က ယွမ်အိမ်တော်မှာ ညစာသွားစားရမယ့်နေ့ ။ ဒါပေမယ့် တော်ဝင်ဥယျာဉ်ကိုပဲ တန်းပြန်ဖို့ စိတ်ကူးလိုက်တယ် ။

ဂျင်မ်ရှိရာ ရှော့ပင်းမောလ်ကိုရောက်တော့ အဝတ်အစားလဲပြီး ဖုန်းကိုကြည့်လိုက်ချိန်မှာ  message ပို့ထားတာတွေ့လိုက်တယ် ။

အစောပိုင်းတုန်းက ရှီအန်ချန်းပို့ထားတာပဲ !

'သခင်လေး ထျန်း , ဘော့စ်ပြန်ရောက်နေပြီ..သခင်လေး အိမ်ကို ဘယ်အချိန် ပြန်လာမှာလဲ ...'

နောက်တစ်စောင်က ယွမ်ရှောင့်မိဘတွေဆီက ။ အားလုံးက သူ ပြန်လာမယ့်အချိန်ကို မေးနေကြတာ ။

သူ့ ဆုံးဖြတ်ချက်ကို ပြန်ပြင်ရတော့မှာပေါ့ ။

' ကျွန်တော် ယွမ်အိမ်တော်မှာ ညစာစားပြီးရင် ပြန်လာခဲ့မယ် '

စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း(စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း)Where stories live. Discover now