Chapter 41 to 50 (Unicode)

7.3K 668 103
                                    

Chapter 41+42+43+44+45+46+47+48+49+50
(Unicode)


Chapter 41

ရှီအန်ချန်း မတုံ့ပြန်နိုင်ခင် ဘော့စ်ယွမ်က သူ့ရှေ့မှ ပျောက်ကွယ်သွားနှင့်ပြီး ထျန်းအိမ်တော်ကို ကားမောင်းထွက်သွားခဲ့ပြီဖြစ်တယ် ။

သူက စားပွဲထက်က ကွာရှင်းစာချုပ်ကို သပ်ရပ်အောင်ပြန်စီပြီး စက္ကူအိတ်ထဲ ထည့်လိုက်တယ် ။ ဒါကို စက္ကူဖြတ်စက်ထဲထည့်ပြီး ဖျက်ဆီးရန် ယွမ်အုပ်စုကိုပြန်ဖို့ပြင်တယ် ။

ဘော့စ်ယွမ်နဲ့ သခင်လေးထျန်းတို့နှစ်ယောက်  ဒီကွာရှင်းစာချုပ်ကို နောက်တစ်ကြိမ်ထပ်ကြည့်ဖို့ မလိုအပ်တော့ဘူးလို့ သူ တွေးမိတာကြောင့် ။

ရှီအန်ချန်းက ယွမ်အုပ်စုကို ပြန်လာခဲ့တယ် ။
မမလေးယွမ်လင့်ကိစ္စတွေကို မစီစဉ်ခင် ဘော့စ်ယွမ်ခိုင်းထားတဲ့ ဟုန်ကုဆိပ်ကမ်းက ဝန်ထမ်းကိစ္စကို အရင်ဖြေရှင်းရန် လိုအပ်တယ် ။

ဘော့စ်ယွမ်က မမလေးအကြောင်းကို ဘာမှမပြောပေမဲ့ သူက စိုးရိမ်နေမိတုန်းပဲ ။

ရှီအန်ချန်းက သူ့စားပွဲ‌ပေါ်မှာ ဟုန်ကုဆိပ်ကမ်းကကျန်းဟူ ပို့ထားတဲ့ သုံးလပတ်အကျဉ်းချုပ်ဖိုင်တွဲကို တင်ထားဆဲဆိုတာ သတိရသွားတယ် ။ အဲ့ဒီဖိုင်တွဲထဲမှာ ဆိပ်ကမ်းဝန်ထမ်းသစ်ရဲ့ အချက်အလက်တွေလည်း ထည့်ထားတယ် ။

သူက အဖြူရောင်သားရေဖိုင်တွဲကိုရှာပြီး ခပ်မာမာဖိုင်တွဲအဖုံးကိုဖွင့်ကာ သုံးလပတ်အကျဉ်းချုပ်စာရင်းကိုကျော်ပြီး ဝန်ထမ်းသစ်ရဲ့ကိုယ်ရေးအချက်အလက်ဖိုင်ကို ကြည့်လိုက်တယ် ။ ဦးထုပ်အနက်ဆောင်းပြီး အနက်ရောင်ဘောင်ခတ် မျက်မှန်တပ်ထားတဲ့ လူတစ်ယောက်ရဲ့ အဖြူရောင်နောက်ခံနဲ့နှစ်လက်မဓာတ်ပုံလေးက သူ့မျက်စိရှေ့ကို ထွက်ကျလာတယ် ။

အမည် : ကျန်းမင်

လျှောက်ထားသည့်ရာထူး : အရပ်ဘက်ရေးရာဌာန , လက်ထောက်ရာထူး

အလုပ်ဝင်သည့်နေ့ : ........

အမှတ်မထင် တစ်ချက်ငုံ့အကြည့် မြင်လိုက်ရတဲ့အကြောင်းအရာကြောင့် ရှီအန်ချန်းဟာ ဖိုင်တွဲကို အလျင်အမြန် ထုတ်ယူပြီးနောက် သူ့ကျောပြင်တစ်လျောက် ချွေးအေးတွေ စိမ့်ထွက်လာခဲ့တယ် ။

စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း(စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း)Where stories live. Discover now