Chapter 69

2.4K 305 8
                                    

ဒါလေးတစ်ကြောင်းကို မျက်စိလျှမ်းပြီး ကျန်နေရစ်ခဲ့တယ် ဟီး .. Chapter 68 က နောက်ဆုံးစာကြောင်းလေးပါ

ရဲ့ရိဟန် ခေါင်းမော့ကာ မှန်ထဲကြည့်မိတော့ သူ့မျက်နှာက သွေးဆုတ်ဖြူဖျော့နေပြီး လည်တိုင်ပတ်ပတ်လည်နဲ့ ညှပ်ရိုးတဝိုက်မှာ အနီကွက်တွေ အကွက်လိုက် အကွက်လိုက် ပြွတ်ခဲနေတာပဲ ။

**********************************

Chapter 69

ထျန်းလီအန်းက ဘယ်သူလဲ ။

ရဲ့ရိဟန်တွေးရင်း ရှပ်အင်္ကျီလေးကို ကြည့်လိုက်တယ် ။ ကြယ်သီးတွေပြုတ်ထွက်ကုန်တာကြောင့် အင်္ကျီက ဝတ်မရတော့ဘူး ။ ဝတ်ထားလည်း ရင်ဘတ်ဟောင်းလောင်းကြီး ဖြစ်နေမှာ ။ ဒါကြောင့် တွေဝေမနေဘဲ ရှပ်ကိုချွတ်ကာ အပေါ်ဝတ်တစ်ထည်တည်းသာ ဝတ်လိုက်တော့တယ် ။

Hickey တွေကတော့ ဖုံးမရဖိမရပေါ့ ။ ဒါပေမဲ့ သူ ဂရုစိုက်မနေတော့ဘဲ အရင်ဆုံး ရှီရန်ယွိထံ ပြန်သွားဖို့ တွေးလိုက်တယ် ။

သူ ခေါင်းလှည့်ပြီး နံရံမှာ လဲပြိုလုမတတ် မှီပြီးသတိလစ်နေတဲ့ ယွမ်ရှောင်ကို ကြည့်ကာ အနားလျှောက်သွားပြီး ထိုလူ့ဖုန်းကို ထုတ်ယူလိုက်တယ် ။

ဖုန်းဖွင့်လိုက်တော့ ဖုန်းစခရင်မှာပေါ်လာတာက တစ်ယောက်ပခုံးတစ်ယောက်ဖက်ထားတဲ့ အထက်တန်း‌ကျောင်းသားအရွယ် ကောင်လေးနှစ်ယောက်ပုံ ပေါ်လာတယ် ။

တစ်ယောက်က အနှီသကောင့်သား ယွမ်ရှောင်ဖြစ်ပြီး နောက်တစ်ယောက်က ..... သူနဲ့ တူလွန်းလှတယ် ။

ဒီကောင်လေးက ထျန်းလီအန်းဆိုတာလား ???

ကျောင်းယူနီဖောင်း !!

ဒီယူနီဖောင်းကို သူ ရင်းရင်းနှီးနှီး သိနေတယ် ။ တစ်နေရာမှာ မြင်ဖူးနေတာ အသေအချာပဲ ။

ထိုစဉ် သူ့လက်ထဲက ဖုန်းထမြည်လေတယ် ။ ခေါ်ဆိုသူက ရှီအန်ချန်း ။

" ဟယ်လို , ခင်ဗျား ဘော့စ် မူးရူးနေလို့ .. အခုတော့ ကျွန်တော့လက်ချက်နဲ့ မှောက်သွားပြီ .. အဲ့ဒါ မော်ဒယ်မေဂျာရဲ့ သန့်စင်ခန်းမှာ သူ့ကို လာခေါ်ပေးပါ "

ရဲ့ရိဟန် ဖုန်းဖွင့်ကာ တိုတိုတုတ်တုတ်ပဲ ပြောလိုက်တယ် ။

"အာ ဟုတ်ကဲ့ .. ဒါနဲ့ ကျောင်းသားရဲ့လား ခင်ဗျ ??"
ရှီအန်ချန်းက သူ့ဘော့စ်အသံ မဟုတ်တာကြောင့် မရေမရာ မေးတယ် ။

စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း(စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း)Where stories live. Discover now