Chapter 33

5K 647 10
                                    

အစည်းအဝေးခန်းထဲမှလေထုက မုန်တိုင်းမလာခင် လေငြိမ်နေပုံမျိုးနဲ့ အလွန်အမင်းကို ငြိမ်သက်နေတယ်။ ဒီနေ့ကျမှ စီအီးအိုယွမ်ရဲ့ဒေါသတွေ ဘာလို့  မိုးထိမြင့်နေတာလဲဆိုတာ ရာထူးကြီးတဲ့ရှယ်ယာရှင်တွေတောင် နားမလည်နိုင်ကြဘူး ။ သူတို့ခမျာ နားရွက်တောင်မခတ်ရဲဘဲ ငြိမ်ကုပ်နေကြရတယ် ။

သူတို့ဟာ ယွမ်ရှောင်ရဲ့ မည်းမှောင်နေတဲ့အမူအရာကိုတွေ့မြင်ပြီးတဲ့နောက် ယွမ်ရှောင့်လက်ထဲက ဖိုင်တွဲတွေက အစည်းအဝေးစားပွဲထက်ကို အားပြင်းပြင်းနဲ့ ရိုက်ချခံလိုက်ရကာ ဖိုင်တွဲထဲမှ စာရွက်တွေဟာ စားပွဲအနှံ့ ကျဲပျံ့သွားကိုပါ မရဲတရဲ ကြည့်နေခဲ့ကြရတယ် ။

" M မြို့တော်ရဲ့ ရှီးအန်ခရိုင်မှာ စုစုပေါင်း မြေကွက်နှစ်ကွက်ရှိတယ် .. ဒါပေမယ့် သူတို့ကို ဘာကြောင့် အင်တာတိန်းမန့်တစ်ခုက ရယူသွားရတာလဲ .. မင်းတို့မှာ ထိုးကျွေးစရာ ငွေမရှိလို့လား "

အမှုဆောင်ရှယ်ယာရှင်တစ်ယောက်က ထပြောလိုက်တယ် ။

" အဲ့မြေနဲ့ဆက်လျက်က မူလတည်းက ကုန်းရန်အင်တာတိန်းမန့် အပိုင်ပါ ဥက္ကဌ ယွမ် .. ပြီးတော့ ခင်ဗျားကိုယ်တိုင်က ငွေ‌အများကြီး ထိုးကျွေးစရာမလိုဘူးလို့ ပြောထားပြီး ခုမှ လာပြီး အပြစ်‌မတင်ပါနဲ့ "

ထိုစကားထွက်လာလာချင်းပဲ ဥက္ကဌယွမ်ရဲ့ ပုံစံက အလွန်အမင်း ထိတ်လန့်ဖွယ်ရာ ကောင်းလာတာကို သူတို့ရဲ့ ဗလာကျင်းနေတဲ့မျက်လုံးတွေနဲ့ မြင်လိုက်ရပြီး အခန်းအပူချိန်ကလည်း ရေခဲမှတ်အောက်ထိ ကျဆင်းသွားတယ် ။

" အစည်းအဝေး ပြီးပြီ "

ယွမ်ရှောင်က ဒေါသချောင်းချောင်းထွက်ပြီး အစည်းအဝေးခန်းထဲမှ လှမ်းထွက်သွားတယ် ။ အမှုဆောင်ရှယ်ယာရှင်အပေါင်းကတော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ကျန်ရစ်ခဲ့ကြလေတယ် ။

အပြင်မှာ အတော်ကြာအောင် စောင့်နေတဲ့ ရှီအန်ချန်းက ယွမ်ရှောင်ရဲ့ ဒေါသရေဆူမှတ်ကို  မြင်ဖူးနေကျ ။ ဒီတစ်ကြိမ် သူကြောက်မိတာက ယွမ်ရှောင်ဟာ သရုပ်ဆောင်မင်းသာ ‌ရှန်းယွင်ခုန့်ကို ပစ်မှတ်တစ်ခုလို အမြဲတမ်း သတ်မှတ်လိုက်မှာကိုပဲ ။

စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း(စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း)Where stories live. Discover now