Chapter 83

1.5K 196 4
                                    

ထင်းရှူးရွက်များက ဆောင်းဦးလေပြည်ရဲ့ တိုက်ခတ်မှုအောက်မှာ ညင်ညင်းသွဲ့သွဲ့ ။ ကျောက်ခင်းလမ်းထက်မှ ရော်ရွက်ဝါကြွေများက လေညင်းနဲ့အတူ လွင့်မျောဝေ့ဝဲလို့ ။

ဒီနေ့ရဲ့ နေ့လည်စာကတော့ ရဲ့ရိဟန်အတွက် စိတ်မသက်သာဖွယ်ရာပဲ ။ ရှီရန်ယွိက သူနဲ့ မတူစွာ ပြုံးပျော်လို့ ။ အထူးသဖြင့် ယွမ်ရှောင်ကို သူတို့နဲ့အတူ ထိုင်ခွင့်ပြုပြီးနောက်မှာ ပိုပျော်ရွှင်နေသလိုပဲ ။

နောက်ဆုံးတော့ နေ့လည်စာ စားပြီးချိန်မှာ စိတ်သက်သာရာ ရသွားတယ် ။ ရန်ယွိက ခပ်သွက်သွက်စားပြီး သူတို့ထက်အရင် ကုန်သွားတယ် ။

" ရိဟန်ရေ , လူကြီးမင်းယွမ်ကို အပေါက်ဝထိ လိုက်ပို့ပေးလိုက်နော် .. ဦးလေး လုပ်စရာရှိသေးလို့ အရင်သွားနှင့်မယ် "

ရှီရန်ယွိက စက္ကူအိတ်ကို ဘောလုံးပမာလုံးပြီး လက်ဝှေ့ယမ်းပြကာ ထွက်သွားတယ် ။

ရိဟန်ဟာ ယွမ်ရှောင်နဲ့ နှစ်ယောက်တည်း တကယ် မနေချင်ဘူး ။ သူ ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်လိုက်တယ် ။ ယွမ်ရှောင့်အပါးတော်မြဲဖြစ်တဲ့ ရှီအန်ချန်းဟာလည်း ဒီနေ့မှ ထူးထူးဆန်းဆန်း ပျောက်နေတယ် ။

ဒါပေမဲ့ ယွမ်ရှောင်ကတော့ ရိဟန် ဘာတွေတွေးနေလဲ အတပ်သိတယ် ။ ဒါကြောင့် တည်ငြိမ်စွာနဲ့ သူ့လက်ထဲက ဘာဂါကို စက္ကူအိတ်ထဲ ပြန်ထည့်ပြီး ပြောတယ် ။

" မင်း အရင်ပြန်နှင့်ပါ "

ရဲ့ရိဟန် နည်းနည်းအပြစ်မကင်းသလို ခံစားရတယ် ။ ဒါပေမဲ့ သိသာအောင်တော့ ထုတ်မပြခဲ့ဘူး ။

" ကောင်းပါပြီ "
ထို့နောက် လက်ထဲမှ စက္ကူအိတ်ကို အမှိုက်ပုံးထဲထည့်ပြီး လက်နှစ်ဖက်ကို ရိုက်ခါလိုက်တယ် ။

" အရင်က မင်း ဒဏ်ရာရဖူးလား "
ယွမ်ရှောင် မေးလိုက်တယ် ။

အတော်လေး ဝေခွဲရခက်တဲ့ မေးခွန်းတစ်ခုပဲ ။ ခန္ဓာကိုယ်နာကျင်မှုကြောင့်လား စိတ်နာကျင်မှုကြောင့်လား သူ မသိပေမဲ့ အရင်က ဖြစ်ပျက်ခဲ့သမျှကို လုံးဝ သတိမရဘူး ။ ရဲ့ရိဟန် ရိုးရိုးသားသားပဲ ပြောလိုက်တယ် ။

စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း(စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း)Where stories live. Discover now