Chapter 78

1.9K 283 4
                                    

ထျန်းလီအန်းသတင်းကြားတော့ ယွမ်လင် အရုပ်ကြိုးပြတ်ဖြစ်ခဲ့ရတယ် ။ အဲ့ဒီအချိန်က သူမ မြို့တော်Mရောက်တာ တစ်ပတ်ပဲ ရှိသေးတယ် ။ ထျန်းလီအန်းက သူမအတွက် ကျောင်းဆောင်ကအစ အရာရာ လိုလေးသေးမရှိ အကုန်စီစဉ်ပေးထားတာ ။ သူ ထာဝရ ထွက်ခွာမသွားခင် သူမကို စိတ်ချသွားချင်ပုံမျိုးနဲ့ ။

သူက ယွမ်မိသားစုထဲက ထွက်သွားပြီး ပြန်မလာနိုင်တော့ဘူး ။ ခုဆိုရင် ယွမ်အိမ်တော်နဲ့ ထျန်းအိမ်တော်ကလည်း အရင်လို အစေးမကပ်တော့ဘဲ သူစိမ်းပြင်ပြင်တွေ ဖြစ်ကုန်ကြပြီ ။

ယွမ်လင်က ထျန်းလီအန် တကယ်မသေဘူးလို့ သူမစိတ်ကိုတောင် သူမ ပြန်ညာထားရတယ် ။ နောင်တဆိုတာ နောင်မှရတဲ့အမျိုးတဲ့ ။ ထျန်းလီအန်း သက်ရှိထင်ရှားရှ်ိစဉ်က သူမ ကောင်းကောင်းမဆက်ဆံခဲ့ဘူး ။ ထျန်းလီအန်းအပေါ် နားလည်ပြီးနောက်ပိုင်း အရင်လို မဆိုးတော့ဘူးလို့ ဆုံးဖြတ်တဲ့အချိန်မှပဲ ထျန်းလီအန်းက လောကကြီးထဲက ရုတ်တရက် ထွက်သွားခဲ့တယ် ။ ဒါကြောင့် ဒီရည်မွန်သိမ်မွေ့တဲ့လူကိုတွေ့တော့ ထျန်းလီအန်း အသက်ရှင်နေဆဲလို့ သူမ‌ တွေးလိုက်မိတာ ။

ရဲ့ရိဟန်က သူမကိုကြည့်ပြီး စိတ်ထဲ နည်းနည်းတော့ ညစ်နေတယ် ။

ယွမ်လင် ... ဆိုတော့ကာ သူမနဲ့ ယွမ်ရှောင် တနည်းနည်း ပတ်သတ်နိုင်လောက်တယ် ။

" အစ်ကိုက ထျန်းလီအန်း မဟုတ်ဘူး .. အစ်ကို့နာမည်က ရဲ့ရိဟန် "
ထို့နောက် တစ်သျှူးထပ်ထုတ်ပြီး သူမလက်ထဲ ထည့်ပေးလိုက်တယ် ။

ယွမ်လင်လည်း သူမကိုယ်သူမထိန်းကာ အငိုတိတ်သွားတယ် ။

" တောင်းပန်ပါတယ် .. ကျွန်မ အတော်လွန်သွားတယ် "
ယွမ်လင်က ခေါင်းငုံ့ကာ တောင်းပန်စကားဆိုတယ် ။
" ကျွန်မက ယွမ်ရှောင်ရဲ့ ညီမ ယွမ်လင်ပါ .. အစ်ကိုထျန်းလီအန်းက အစ်ကိုယွမ်ရှောင်ရဲ့ အိမ်ထောင်ဘက် .. ရှင်က သူနဲ့အရမ်းတူတာပဲ .. အဲ့ဒါကြောင့် ကျွန်မ ......"

သူထင်တဲ့အတိုင်းပါပဲ ။

" ရပါတယ် .. ဒီလိုမှားတာ ပထမဆုံးအကြိမ်လည်း မဟုတ်တော့ပါဘူး "

ရဲ့ရိဟန်က ခဏခဏ လူမှားခံနေရလို့ နေသားတောင်ကျနေပြီ ။

သိပ်မကြာခင် ရှီရန်ယွိက သုံးယောက်စာ ဘာဂါသုံးပွဲယူလာပြီး ရဲ့ရိဟန်နံဘေး ဝင်ထိုင်တယ် ။ ထို့နောက် ယွမ်လင်ရှေ့ချပေးကာ သူမကို အရင်စားခိုင်းလိုက်တယ် ။

စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း(စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း)Where stories live. Discover now