Chapter 80

2.4K 304 6
                                    

ပုစွန်ဆီရောင် ညနေဆည်းဆာက ပြတင်းပေါက်မှန်ကိုဖြတ်ပြီး မီးခိုးရောင်ဆံပင်နဲ့ အမျိုးသားတစ်ယောက်ထံ ဖြာကျနေတယ် ။ ထိုလူက ခေါင်းအုံးတစ်လုံးပိုက်ပြီး ခန္ဓာကိုယ်ကိုကွေးကာ နွမ်းလျညှိုးငယ်စွာနဲ့ ပြတင်းပေါက်ဘောင်ကိုမှီပြီး အပြင်ကို ကြည့်နေတယ် ။

သူက ယွမ်ရှောင်နဲ့နီးအောင် ယွမ်ရှောင်နေတဲ့ ဟိုတယ်ကို ပြောင်းလာခဲ့တယ် ။ အဲ့ဒါမှ ယွမ်ရှောင်နဲ့ တွေ့ရမှာ ။

ဟိုတယ်ဝင်ပေါက်မှာတော့ ဝင်လိုက်ထွက်လိုက်နဲ့ လူတွေ ပျားပန်းခတ်လို့ ။ ငယ်ရွယ်တဲ့ ချစ်သူစုံတွဲလေးတစ်တွဲက အပြုံးချိုချိုလေးတွေနဲ့ လက်ချင်းယှက်လို့ လျှောက်လာကြတယ် ။ လမ်းဆုံအရောက်မှာ ချစ်ခြင်းပြည့်လျှမ်းတဲ့မျက်ဝန်းလေးတွေနဲ့ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ မခွဲနိုင်မခွာရက်စွာ နှုတ်ဆက်စကား ဆိုကြတယ် ။ ထို့နောက် ကြာရှည်သော အနမ်းပန်းများဝေကာ မလွတ်တမ်းဖက်တွယ်ထားကြပြီးမှ ဆန့်ကျင်ဘက်လားရာကို ကိုယ်စီ ထွက်ခွာသွားကြတယ် ။

လုမင်းထန် အမြဲတမ်း တွေးမိတယ် ။ သူ နဲ့ ယွမ်ရှောင်လည်း အဲ့ဒီလို အရမ်းချစ်တဲ့ ချစ်သူစုံတွဲလေး ဖြစ်လာဖို့ပေါ့ ။ တက္ကသိုလ်မှာ ယွမ်ရှောင့်ကို တွေ့တွေ့ချင်း သူ ချစ်သွားခဲ့တယ် ။ ယွမ်ရှောင့်လက် ၊ ယွမ်ရှောင့်အသံ ၊ ကုန်ကုန်ပြောရရင် ဆံစကနေ ခြေဖျားအထိ ယွမ်ရှောင့်တစ်ကိုယ်လုံး သူ မနှစ်သက်တဲ့နေရာကို မရှိဘူး။ ယွမ်ရှောင့်ရဲ့ အရာရာက သူ့ကို ဆွဲဆောင်နိုင်လွန်းတယ် ။ ယွမ်ရှောင်နဲ့ ပတ်သတ်ရင် သူက အရူးတစ်ယောက်လိုပဲ ။

ပြီးခဲ့တဲ့တစ်ခေါက် ဟိုတယ်မှာ ပေါ်လာတဲ့ဝက်ဝံဖြူဝတ်စုံဝတ် လူအကြောင်း သူ မတွေးအားသေးဘူး ။ အခု သူ့ကို ဒုက္ခအပေးနိုင်ဆုံးက ကျောင်းသားသစ် ရဲ့ရိဟန် ။

ယွမ်ရှီအုပ်စုရဲ့ကိုယ်စားလှယ်နေရာကို ပြန်ယူဖို့ နည်းလမ်းရှာရမယ် ။

( T/N ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်အစား ကိုယ်စားလှယ်လို့ ပြောင်းသုံးပါမယ်နော် )

သူ အတွေးနယ်ချဲ့နေတုန်း ယွမ်ရှောင့်ကားက ဟိုတယ်ထဲ ဝင်လာတယ် ။ ကားထဲမှာ ရင်းနှီးနေတဲ့ လူတစ်ယောက်လည်း ပါလာတယ် ။

စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း(စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း)Where stories live. Discover now