Chapter 62 (U+Z)

2.8K 294 4
                                    

Bugatti က လုမင်းထန် ယာယီနေထိုင်ရာတိုက်ခန်းရှေ့မှာ ရပ်လိုက်တယ် ။ ကားထဲက လုမင်းထန်ဟာ သွေးမရှိတဲ့မျက်နှာ နဲ့ သူ့အဝတ်တွေကို တင်းတင်းဆုပ်ချေထားတယ် ။ ဝမ်းဗိုက်တစ်နေရာကလည်း နာကျင်စူးအောင့်လျက် ။

သူ့တိုက်ခန်းကိုမရောက်ခင်လေးမှာပဲ ယွမ်ရှောင်က ပြောလာခဲ့တယ် ။

- မင်းလိုချင်တာ ယူလိုက်
- မင်းရဲ့ ပူးပေါင်းမှုကို မလိုအပ်တော့ဘူး

ယွမ်ရှောင်ဆိုလိုတာက သူနဲ့ပတ်သတ်သမျှ ဆက်နွယ်မှုအားလုံးကို ဖြတ်ချပစ်ချင်တာ ။ ရဲ့ရိဟန်ရှေ့မှာ သူတို့က ချစ်သူတွေလို့ ပြောမိတာကြောင့် ဒေါသထွက်သွားတာလား ။

သူ့ကိုယ်က တုန်ရီနေကာ ‌ယွမ်ရှောင့်အင်္ကျီလက်ကိုဆွဲပြီး အားအင်ဖျော့တော့စွာ မေးတယ် ။

" ရှောင် , ငါ ငါ အမှားတစ်ခုခု လုပ်မိတာကြောင့်လား ??  ငါ ပြင်ပါ့မယ် "

ယွမ်ရှောင် သူ့ဘက်လှည့်ကြည့်ပြီးဆိုတယ် ။

" ရေခဲရေ ထပ်မသောက်နဲ့တော့ .. အဲ့ဒါ မင်းကျန်းမာရေးအတွက် မကောင်းဘူး "

ဟင့်အင်း !
သူကြားချင်တာ ဒီစကား မဟုတ်ဘူး !!!

" ငါ ငါသိပါတယ် .. ငါ ပြောချင်တာက ငါတို့ အဆင်ပြေနေတာ သိသိသာသာပဲကို .. ဘာလို့ ရုတ်တရက်ကြီး ငါ့ကို ဖြတ်ချင်ရတာလဲ "

ယွမ်ရှောင်က ပြန်မဖြေဘူး ။ အဲ့ဒီအစား နှင်ထုတ်တဲ့စကားတစ်ခွန်းသာ ဆိုခဲ့တယ် ။

" ရှီအန်ချန်းမှာ စာချုပ်တစ်စောင်ရှိတယ် .. အဲ့ဒီစာချုပ်ထဲကအတိုင်း လိုက်နာရင် မင်းအတွက် ဆိုးဆိုးရွားရွားတွေ ဖြစ်မလာဘူး .. ပြန်တော့ "

ဟုတ်တာပေါ့ .. ယွမ်ရှောင်သာ ထုတ်မပြောရင် သူတို့နှစ်ယောက်က စာချုပ်ချုပ်ထားတယ်ဆိုတာ သူ မေ့နေဦးမှာ ။ ယွမ်ရှောင်က သူ နာမည်ကျော်ကြားလာတဲ့အထိ လိုအပ်သမျှအကုန်ပေးပြီး ထောက်ပံ့ပေးမယ်လို့ စာချုပ်ထဲမှာပါတယ် ။

အဲ့ဒီအတွက် သူ့ဘက်က ပြန်ပေးဖို့ လိုအပ်တာက တစ်ခုတည်း ။ အဲ့ဒါက ယွမ်ရှောင်နဲ့လက်တွဲပြီး ယွမ်ရှောင့်ဘေးမှာ ရှိနေပေးဖို့ ။

စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း(စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း)Where stories live. Discover now