Chapter 81

1.8K 264 14
                                    

ဝင်ခွင့်ပြိုင်ပွဲက ရာသီချိန်ခါ ဝတ်စုံနဲ့ ပြိုင်ရမှာ ။ အခုက ဆောင်းဥတုဖြစ်တာကြောင့် ပြိုင်ပွဲဝင်ကျောင်းသားတွေအတွက် ဆောင်းရာသီဝတ်စုံကို IN မဂ္ဂဇင်းတိုက်က စပွန်ဆာပေးထားတယ် ။

ရဲ့ရိဟန်က သူ့အတွက် ရထားတဲ့ ဝတ်စုံကို အိတ်ထဲမှ ထုတ်ကြည့်လိုက်တယ် ။ အဲ့ဒါက အနက်မှိုင်းမှိုင်း တစ်ဆက်တည်း ဝတ်စုံကြီး ။

ဝတ်စုံက ရိုးရှင်းလွန်းတယ် ။ ကြည့်ကောင်းတယ်လို့ ပြောလို့ရရုံအပြင် ထူးခြားဆန်းသစ်နေတာ ဘာမှမရှိဘူး ။ ဒါကိုဝတ် , ဦးထုပ်ဝါတစ်လုံးဆောင်းပြီး လမ်းပေါ်ထွက်လိုက်ရင် တကယ့် မီးပြင်သမားရုပ် ပေါက်သွားမှာ ။

ရှီရန်ယွိရဲ့ စတူဒီယိုလေးထဲမှာတောင် ဒါမျိုးဝတ်စုံတစ်စုံ ရှိသေးတယ် ။

ရဲ့ရိဟန်က ဝတ်စုံကို ရှီရန်ယွိဆီ ယူလာတယ် ။ ပြီးတော့ ဝတ်စုံကို ဘေးမှာချလိုက်ပြီး စိတ်ပျက်လက်ပျက်နဲ့  ခေါင်းခါတယ် ။

" အဲ့လို ပုံဆိုးပန်းဆိုးဟာတွေ ငါ့စားပွဲပေါ် မတင်စမ်းနဲ့ "
ရှီရန်ယွိ စိတ်လေဟန် မျက်ဆန်လှန်ပြပြီးနောက် သူ့လက်ထဲက ပလတ်စတစ်ရွှံ့(plastic mud)လေးတွေကို ဆက်ဖျစ်နေတယ် ။
( Plastic mud ; အရုပ်လုပ်တဲ့ ပျော့စိစိလေးတွေ .. ပုံမထည့်ပေးတော့ဘူး .. သိချင်ရင် google ခေါက်ကြည့်နော် )

ဒိတ်အောက်နေတဲ့ ဝတ်စုံဆိုရင်တောင် ခေတ်‌ပေါ်ဖက်ရှင် ထွင်လို့ရသေးတယ် ။ အခု ဒီဝတ်စုံက အတော်ကြီး ရိုးလွန်းတဲ့အပြင် အရောင်ကလည်း မွဲခြောက်ခြောက် ။

မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ ရဲ့ရိဟန်ကတော့ တေမိလုပ်ပြီး ရှီရန်ယွိ လုပ်သမျှကိုသာ စိတ်ညစ်ညစ်နဲ့ ထိုင်ကြည့်နေတယ် ။ အခု သူ့အနေအထားက စဉ့်နှီတုံးပေါ်မှာလှဲပြီး ကျလာမယ့် ဓားခုတ်ချက်ကို စောင့်နေရတဲ့ ငါးလေးတစ်ကောင်လိုပဲ ။

ရိဟန်ရဲ့ မသာမယာဖြစ်နေပုံကိုကြည့်ပြီး ရှီရန်ယွိ မနေနိုင်ဘူး ။ စိတ်အပြောင်းအလဲဖြစ်အောင် တခြားသင်တန်းသားတွေရဲ့ ဝတ်စုံတွေရော ဘယ်လိုမျိုးလဲ သွားလေ့လာခိုင်းချင်ပေမဲ့ တကယ်လို့ သူ့ဝတ်စုံနဲ့ မတူခဲ့ဘူးဆိုရင် အဲ့ကောင်လေးပဲ ပိုစိတ်ညစ်ရလိမ့်မယ် ။

စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း(စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း)Where stories live. Discover now