Chapter 8

6K 748 16
                                    

ယွမ် ကုမ္ပဏီ နဲ့ ချီ ကုမ္ပဏီက နီးနီးကပ်ကပ်ဆက်နွယ်နေတဲ့ ကုန်သွယ်ရေးလုပ်ငန်းတွေရှိတယ် ။ ကုမ္ပဏီနှစ်ခုက ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပဲ ။ သို့သော်လည်း ဒီနေရာရဲ့ခေါင်းဆောင်က လူတော်တစ်ယောက်ဖြစ်ပေမယ့် ဒေါသကြီးလွန်းသူဖြစ်ပြီး ချီ သခင်လေးရဲ့ ချစ်သူလို့လည်း ပြောကြတယ် ။

အနှီလူရဲ့ ဒေါသက ဘယ်သူ့ကိုမှ စိတ်ကူးယဉ်ခွင့်ပေးလေ့မရှိသလို သူ့ဒေါသက အချိန်မရွေး လူမရွေးပဲ ။

ချီ သခင်လေးရော အဲ့ဒီလူရဲ့ဒေါသကို အမှန်တကယ် ခံနိုင်ရည်ရှိရဲ့လား ?!
ချီ သခင်လေးက တုန်နေအောင်ကြောက်ရတာလား ?!
ထားပါလေ !
အဲ့ဒါက သူနဲ့မဆိုင်သလို သူ့အလုပ်လည်း မဟုတ်ပါဘူး !

ထျန်းလီအန်းက သူ့ရှေ့မှာရှိတဲ့ ရုပ်ချောတာထက် ယဉ်ကျေးသိမ်မွေ့ပုံပိုပေါက်နေတဲ့လူငယ်လေးထံမှ အကြည့်လွှဲကာ ကျန်းဟူရဲ့စကားကိုသာ နားထောင်နေလိုက်တယ် ။

ဆိပ်ကမ်းကို သူတို့ရောက်သွားချိန်က နံနက်ခုနစ်နာရီတိတိ ။ သူတို့ရောက်တာ အချိန်မီဆိုပေမယ့် ထိုလူရဲ့ မကျေမချမ်းဒေါသတွေကို နှိုးဆွနေမိတုန်းပဲ ။

လင်းကျူက ထောက်ခနဲ မီးခြစ်ကို မီးတောက်စေလိုက်ပြီး စီးကရက်မီးညှိလိုက်တယ် ။ မနက်ခင်းစောစောမှာ စီးကရက်မီးတရဲရဲနဲ့ သူ့ပုံစံက တည်ငြိမ်နေတဲ့ လူတစ်ယောက်လိုပဲ ။

ဒါက နောက်ဆုံးတစ်ခေါက်ဖြစ်တာကြောင့် ကိစ္စတွေလည်း ပြီးစီးလုနီးပါပြီ ။
(သင်္ဘောပေါ်က ကုန်တွေချတာ..ချလာတဲ့ကုန်တွေကို စာရင်းပြစုတာ )

လင်းကျူက ဒီဆိပ်ကမ်းမှာ လုပ်တာကြာနေပြီဆိုပေမယ့် သူ့မှာ နာမည်မတပ်ထားတဲ့ ကိုယ်ပိုင်ကြက်ကြော်ဆိုင်တစ်ဆိုင်လည်းရှိသေးတယ် ။ ကုန်ချခြင်း ၊ ကုန်စစ်ခြင်းကိစ္စတွေအားလုံးပြီးသွားတဲ့နောက် လင်းကျူက ကြက်ကြော်ဆိုင်ကို အချိန်မီပြန်ရန် အပြင်ထွက်သွားလေတယ် ။

" စောစောလာဖို့ မရည်ရွယ်ထားဘူးလား "
ဖုန်းပြောနေတဲ့ လင်းကျူရဲ့အသံက ဒေါသတစ်စက်မှမပါဘဲ ကြည်လင်ကာ ချိုမြနေတယ် ။

စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း(စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း)Where stories live. Discover now