Chapter 65 + 66 +67 (U)

2.6K 259 6
                                    

ရဲ့အားလင် စပျစ်ခြံထဲက ခုံတန်းလေးပေါ်ထိုင်ပြီး အပင်ပေါ်က စပျစ်သီး‌တွေခူးကာ တစ်လုံးပြီးတစ်လုံး ပါးစပ်ထဲ ပစ်ထည့်နေတယ် ။ စပျစ်သီးက ချိုပါတယ် ။ ဒါပေမဲ့ သူ့ရဲ့လက်ရှိ စိတ်အခြေအနေအရ ချိုတယ်လို့ကို မခံစားရဘူး ။

ရဲ့ရိဟန်က မော်ဒယ်လ်လိုင်းဘက် အားသန်တာကို သိနေပါလျက်နဲ့ သူ သတိမမူမိတာ ။ သူ့ ပေါ့ဆမှုကြောင့် ။

ဒီလိုင်းကိုရွေး ၊ ဒီအသိုင်းအဝိုင်းမှာ ကျင်လည်ပြီဆိုတာနဲ့ ရိဟန်ရဲ့ရုပ်လုံးက လူသိရှင်ကြား ဘွားခနဲ ပေါ်လာတော့မှာ ။

အဲ့ဒီအခါ ကိစ္စတွေက အဆိုးဘက်ကိုပဲ ဦးတည်သွားလိမ့်မယ် ။ ကောင်းလာစရာ ဘာမှမရှိဘူး ။

ထျန်းအိမ်တော်က အနှေးနဲ့အမြန် ရိဟန်ဘယ်သူဆိုတာ ရိပ်စားမိမှာပဲ ။ ရိဟန်ကိုယ်တိုင်လည်း သူ့မှတ်ဉာဏ်တွေ ပြန်ရသွားတဲ့အခါ ရဲ့မိသားစုကနေ ထွက်သွားလိမ့်မယ် ။ ဒီလိုသာဆို ရိဟန်ကို သားကြီးတစ်ယောက်လို ချစ်ခင်နေတဲ့ သူ့အမေနဲ့ သူ့အဖေ ဝမ်းနည်းပူဆွေးရမှာ ကျိန်းသေပေါက်ပဲ ။

" အခွံမခွာဘဲ မစားနဲ့လေ .. ပြီးရင် ဝမ်းပျက်နေဦးမယ် "

ရှန်းယွင်ခုန့်က သူ့ရဲ့ တောင့်တောင့်ဖြောင့်ဖြောင့် ခန္ဓာကိုယ်ကို စပျစ်ပင်စည်တစ်ခုမှာ မှီလိုက်တာကြောင့် စပျစ်ရွက်တွေက သူ့ပခုံးထက် အုပ်ဆိုင်းကျနေတယ် ။

" အစ်ကိုခုန့်က မအိပ်သေးဘူးလား ..ညဉ့်နက်နေပြီ .. နောက်ပြီးရင်လည်း သုံးနာရီတောင် လေယာဉ်စီးရဦးမှာ .. နည်းနည်းတော့ အနားယူသင့်တယ် "
ရဲ့အားလင်က စပျစ်သီးတွေကို အရသာမခံတော့ဘဲ ကြွေပန်းကန်ထဲ ပစ်ထည့်ရင်း လက်ချင်းပွတ်သုတ်ကာ ပြောလိုက်တယ် ။

ညဉ့်ယံရဲ့ တိတ်ဆိတ်မှုက ဆယ်မိုင်လောက်က အင်းဆက်ပိုးမွှားများရဲ့ တစီစီအော်သံကိုတောင် အတိုင်းသား ကြားနိုင်လောက်တယ် ။

" ရိဟန်တော့ အိပ်ပျော်သွားပြီ .. မအိပ်ခင် ထိရောက်မယ့်နည်းလမ်းတွေ ကိုယ် ပြောပြလိုက်သေးတယ် .. မင်းသာ လူတစ်ရာထဲမှာ ထွန်းထွန်းပေါက်ပေါက်ဖြစ်မယ်ဆိုရင် မင်းရှေ့ဆက်ရမယ့်လမ်းက သာယာဖြောင့်ဖြူးနေမှာပဲလို့ .. ပြီးတော့ ပထမနှစ်မှာ ရှောင်ကြဉ်ရမယ့် အချက်လေးတွေရော .. ကိုယ် သေချာပြောပြထားပါတယ် ..သူ့အတွက် စိတ်မပူနေနဲ့တော့ "

စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း(စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း)Where stories live. Discover now