Chapter 39 +40

8K 780 77
                                    

အမျိုးသားရဲ့ လက်ဖဝါးထဲမှာ တစ်သျှူးအနည်းငယ် ရှိနေတယ် ။ ထျန်းလီအန်းက F မြို့တော်သွားရမှာဖြစ်လို့ ယွမ်လင့်ကို လိုက်မပို့နိုင်တော့ဘူး ။ ဒါကြောင့် ထျန်းလီအန်းနဲ့ကျိုးနိုင်က အန်လန်အဆောက်အဦးက ပြန်လာချိန်မှာ ယွမ်လင့်ကို ဝင်‌တွေ့ပြီး နှုတ်ဆက်စကားဆိုလိုက်ကြတယ် ။

လရောင်အောက်က သူ့ရဲ့မျက်ဆံနက်လေးတွေက သနားချင့်စဖွယ်ကောင်းလှတယ် ။ သူ့မျက်နှာလေးက နီမြန်းနေပြီး သူ့ရဲ့လက်ချောင်းလေးတွေက ယွမ်ရှောင့်လက်မှတ်ရှိရာမှာ ထိကပ်လို့ထားတယ် ။

အချိန်များစွာကြာပြီးနောက် ဘေးတစ်ဘက်ကနေရာလွတ်မှာ မှန်ကန်တိကျတဲ့ စာလုံးတွေကို ရေးထိုးလိုက်တယ် ။

' ထျန်းလီအန်း '

အဆုံးသတ်တစ်နေ့တော့ ရောက်ရှိလာခဲ့ပြီ ။ တစ်ဖက်လူကို လက်ထပ်ထိမ်းမြားခြင်းစာချုပ်တစ်စောင်နဲ့ သူ့နံလေးမှာရှိနေအောင်
တစ်ကိုယ်ကောင်းဆန်ဆန် ဆွဲထားခဲ့တာ သုံးနှစ်တောင် ကြာခဲ့ပေါ့ ။ ဇာတ်လမ်းတစ်ပုဒ်မှာ ဇာတ်သိမ်းဆိုတာ ရှိစမြဲပါပဲ ။ အများမျှော်လင့်ထားသလို ပျော်ရွှင်စရာ ဇာတ်သိမ်းလေးတော့ မဟုတ်ခဲ့ပါဘူး ။

သူက ခုတင်ခြေရင်းမှ ခေါင်းရင်းထိ လျှောက်သွားပြီး ခေါင်းအုံးအောက်က ဒိုင်ယာရီစာအုပ်လေးကို ဆွဲထုတ်လိုက်တယ် ။ ဆယ်နှစ်နီးပါးလောက် ရေးလာခဲ့ပြီး ခုမှ ရပ်တန့်လိုက်ဖို့ဆိုတာ အမှန်တကယ်ကို ခဲယဉ်းလှပါတယ် ။

ထျန်းလီအန်းက ငွေရောင်အနားသတ်နဲ့ အနက်ရောင်ဘောလ်ပင်လေးကိုထုတ်ပြီး ဒိုင်ယာရီစာအုပ်ရဲ့ နောက်ဆုံးစာမျက်နှာမှာ စာလုံးအနည်းငယ် ရေးလိုက်တယ် ။ ပြီးတော့ စာအုပ်လေးကိုပိတ်ပြီး သူ့ရင်ခွင်ထဲမှာ တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားခဲ့တယ် ။

ပထမဆုံးအကြိမ်အဖြစ် သူမျှော်လင့်ခဲ့သလို ယွမ်ရှောင်နဲ့ ပြန်တွေ့ရမယ်ဆိုတဲ့ ခံစားချက်ရှိမနေခဲ့ဘူး ။

ယွမ်ရှောင်က တော်ဝင်ဥယျာဉ်ကို သူ့အတွက်ပေးခဲ့တယ်ဆိုပေမဲ့ သူ အမြဲတမ်းလိုချင်ခဲ့တာက ယွမ်ရှောင်တစ်ယောက်တည်းပါ ။ အသုံးမဝင်တဲ့ သက်မဲ့ပစ္စည်းတွေ မဟုတ်ရပါဘူး ။

စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း(စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း)Waar verhalen tot leven komen. Ontdek het nu