Chapter 32

5.4K 629 21
                                    

ရာသီဥတုက နွေရာသီထဲ ချဉ်းနင်းဝင်ရောက်လာခဲ့ပြီဖြစ်တာကြောင့် နေရောင်ခြည်က အရင်ထက် ပိုမိုကာတောက်ပထွန်းလင်းနေတယ် ။ ဖြူဖျော့ဖျော့ကောင်းကင်ထက် နေ့သစ်တစ်နေ့ရဲ့အစပိုင်း နံနက်ခင်းစောစောမှာ လိမ္မော်ဝါရောင်  နေမင်းကြီးက တဖြည်းဖြည်းချင်း မြင့်တက်လာတယ် ။

နေရောင်ခြည်က မှန်ပြတင်းရဲ့ကန့်လန့်ကာအဟကြားလေးထဲကိုဖြတ်ပြီး အိပ်ခန်းထဲထိ တိုးဝင်လာကာ အမျိုးသားတစ်ယောက်ရဲ့ ကျယ်ပြန့်သောကျောပြင်ထက် ဖြန့်ကျက်ကျရောက်နေတယ် ။

ယွမ်ရှောင်က နံနက်မိုးသောက် အရုဏ်‌ရောက်တဲ့ထိ သူ့အောက်ကလူကို လွှတ်မပေးခဲ့ဘူး ။ လွှတ်ပေးဖို့လည်း ဆန္ဒမရှိဘူး ။ သူက သကြားခဲတစ်ခဲစားရဖို့ အတင်းဖက်တွယ်ပြီး မရမကတောင်းနေတဲ့ ကလေးလေးတစ်ယောက်လိုပဲ ။ ထျန်းလီအန်းရဲ့ခန္ဓာကိုယ်ကို အကြိမ်အကြိမ် အခါခါ အရသာခံနေတယ် ။ သူ့အငယ်ကောင်က  ပျော့ကျသွားလည်း တစ်နာရီသာသာပဲ ။ ပြီးတာနဲ့ ထပ်ခါထပ်ခါ ပြန်မာလာနေရော ။ အဲ့ဒီလိုနဲ့ သူတို့နှစ်ယောက်လုံး တစ်ရေးမှ မအိပ်ခဲ့ရ‌ပေမယ့် အနည်းဆုံးတော့ ပြီးခဲ့တဲ့ညက ထျန်းလီအန်းဟာ သူ့အပိုင်ပဲဆိုတာ သူ အတည်ပြုနိုင်ခဲ့တယ် ။

ယွမ်ရှောင်က ညအိပ်ဝတ်စုံကိုဝတ်ပြီး အိပ်ရာတစ်ဖက်စွန်းမှာ ထိုင်နေတယ် ။ သူက ငိုရလွန်းလို့ နီရဲမို့အစ်နေတဲ့မျက်လုံးလေးတွေကို မှေးမှိတ်ပြီး အိပ်ပျော်နေတဲ့ ထျန်းလီအန်းကို လှည့်ကြည့်လိုက်တယ် ။ အိပ်နေချိန်မှာတော့ ဒီလူသားက အရမ်းကို နာခံတတ်ပုံလေးနဲ့ ။

ယွမ်ရှောင်လက်လှမ်းပြီး ထိုလူသားရဲ့ အနည်းငယ်ခြောက်သွေ့နေတဲ့ နှုတ်ခမ်းလေးကိုပွတ်‌ပြီး ထိုအနေအထားလေးအတိုင်း အချိန်ကြာမြင့်စွာ ငေးကြည့်နေတယ် ။ ထို့နောက် သူ့မျက်နှာကိုငုံ့ပြီး နှုတ်ခမ်းချင်းထိကာ နူးညံ့ညင်သာသော အနမ်းလေးတစ်ပွင့် ပေးလိုက်လေတယ် ။

ဒါက ထျန်းလီအန်းကို ဒုတိယအကြိမ်မြောက် နမ်းခြင်းပဲ ။

ယွမ်ရှောင် သိပ်အကြာကြီးမနေဘဲ အိပ်ရာထက်မှထကာ အခန်းထဲမှ ထွက်သွားတယ် ။ သို့သော်လည်း သူ့ခြေထောက်က တစ်စုံတစ်ရာကို ကန်မိတယ် ။သူ ငုံ့ကြည့်လိုက်တော့ ထိုအရာ‌‌က နက်ပြာရောင် ဘရိုကိတ်သေတ္တာငယ်လေး ။ ကိုယ်ကိုငုံ့ကိုင်းပြီး သေတ္တာလေးကို ကောက်ယူလိုက်တယ် ။ သူ မှတ်မိတာ မမှားဘူဆိုရင် သေတ္တာရဲ့ အလယ်တည့်တည့်မှာ ရိုက်နှိပ်ထားတဲ့တံဆိပ်က ကျိုးမိသားစု ကျောက်မျက်ရတနာလုပ်ငန်းရဲ့တံဆိပ်ပဲ ။ ယွမ်ရှောင် သေတ္တာကို ဖွင့်ကြည့်တော့ သူ တွေ့လိုက်တာက ရွှေရောင်လက်ကြယ်သီးလေးတစ်စုံ ။

စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း(စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း)Where stories live. Discover now