Chapter 10

6.1K 739 16
                                    

Chunshuမှ ထျန်းလီအန်း ထွက်လာပြီးနောက် ပူအိုက်သလိုခံစားရတာကြောင့်  ကုတ်အင်္ကျီကို ဆွဲချွတ်ပစ်ပြီး အဖြူရောင် ရှပ်အပါးလေးတစ်ထပ်တည်းသာ ကိုယ်ပေါ်ကျန်ရစ်ခဲ့တယ် ။

ကြွားဝါမှုတွေပြည့်နေတဲ့ ညစာစားပွဲကလူတွေအကြောင်းတွေးရင်း အေးအေးဆေးဆေး ကားလေးမောင်းကာ An Lan Building ကို ဦးတည်လိုက်တယ် ။

အန်လန်က သေးငယ်ပြီး Zမြို့တော်မှာတော့ လမ်းကြားထဲကဘားလို့ လူသိများတယ် ။ ညစဉ်ညတိုင်း ကမ္ဘာတစ်ဝှမ်းက နိုင်ငံခြားသားဧည့်သည်တွေနဲ့ စည်ကားနေလေ့ရှိတယ် ။ ပြည်တွင်း ပြည်ပက ထုတ်လုပ်တဲ့ ယမကာမှန်သမျှရနိုင်ပြီး တစ်ညလုံး သောက်စားမူးရူးနေလို့ရတဲ့ ချမ်းသာသုခနဲ့ပြည့်စုံတဲ့ နေရာလေး ။

အားနည်းချက်က လူအရမ်းများပြီး အားသာချက်က အဲ့ဒီနေရာမှာ သူ့ကိုသိတဲ့လူက အနည်းအကျဉ်းသာရှိတယ် ။

ဒါပေမယ့် လိုရမယ်ရသဘောနဲ့ ကောင်းဘွိုင်ဦးထုပ်တစ်လုံးကို ခပ်ငိုက်ငိုက်ဆောင်းပြီး ဘားရှိရာလမ်းကြားလေးထဲ ထျန်းလီအန်း လျှောက်လာခဲ့တယ် ။

ဒီဘားက အနည်းငယ် ချောင်ကျပြီး  လမ်းကြားလေးရဲ့အဆုံးမှာ တည်ရှိတယ် ။
တံခါးကို တရုတ်စတိုင်ဖြင့် အလှဆင်ထားပြီး လက်ကိုင်ကွင်းက ကြေးနီနဲ့ ပြုလုပ်ထားတယ် ။

တံခါးဖွင့်ဖွင့်ချင်းမှာ အပေါ်က တွဲလွဲကျနေတဲ့ ကြေးနီရောင်ကန့်လန့်ကာကို မြင်လိုက်ရတယ် ။ ထျန်းလီအန်း ကန့်လန့်ကာကို ဖယ်ပြီး အထဲကို လျှောက်ဝင်လာခဲ့တယ် ။

လေးထောင့်ကျကျ ဘားကောင်တာမှာ ခေတ်ဟောင်းအချစ်သီချင်းသံတိုးတိုးလေး လွင့်ပျံ့လို့ ။

အရက်ဖျော်စပ်သူက ဒီသန့်ရှင်းတဲ့ဘားပိုင်ရှင်ဖြစ်ပြီး သူ့နာမည်က ကျန်းချန်အန်း ။ သူက လူကောင်ထွားထွားကြီး နဲ့ ကြမ်းထော်နေတဲ့ဆံပင်ကို လိမ္မော်ရောင်ဆိုးထားတယ် ။ အလင်းဖောက်နိုင်တဲ့ ရှပ်အပါးကိုဝတ်ဆင်ထားပြီး နောက်ကျောမှာ နီညိုရောင် ဆီးသီးပုံ တက်တူးကြီးနဲ့ ။ သူ လှုပ်ရှားလိုက်တိုင်း တက်တူးက ရွေ့လျားနေပြီး အသက်ဝင်လွန်းလှတယ် ။

စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း(စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း)Where stories live. Discover now