Chapter 63+64 ( U+Z )

4.4K 403 15
                                    

ရဲ့ရိဟန် မရပ်မဖြစ် ထရပ်လိုက်ရပြီး တည်ငြိမ်ချင်ယောင်ဆောင်ကာ ဖြေလိုက်တယ် ။

" ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိခြင်းပါ ဆရာလု "

ဖြေပြီးနောက် အတန်းထဲ ဝေ့ကြည့်တော့ ဘယ်ကျောင်းသားမှ သူ့အဖြေကို မေးခွန်းထုတ်လိုဟန် မရှိဘူး ။ ဆရာလု မျက်ခုံးကွေးကာ သူရှိရာကို အပြုံးနဲ့ လျှောက်လာတယ် ။

လုမင်းထန်ရှပ်အင်္ကျီက အပေါ်ပိုင်းပွင့်ဟကာ ညှပ်ရိုးများ ပေါ်နေပြီး ထိုအောက်မှာ ခရမ်းရောင်သန်းနေတဲ့ hicky က အထင်းသား ။

သူက ရိဟန်ခုံပေါ်က နာမည်ကို သာမန်ကာလျှံကာ တစ်ချက်ကြည့်ပြီး စူးစမ်းလိုမှုတွေ ပိုမိုကာ ထုတ်ဖော်ပြသကာ ကိုယ်ကို ရှေ့သို့ပင် အနည်းငယ် ငုံ့ကိုင်းလိုက်တယ် ။

" ကဲ ဒါဆို မင်းရဲ့ ယုံကြည်ချက်ကရော ဘယ်မှာလဲ "

ဆံသားနုလေးများရဲ့အောက်က နားရွက်ဖျားလေးတွေ ရဲတက်လာတဲ့အထိ ရှက်နေပေမဲ့ ရဲ့ရိရန်ဟာ ပုလဲလုံးသဏ္ဍာန် သွားတန်းဖွေးဖွေးလေးများပေါ်အောင်ပြုံးပြီး နဖူးထက်က ဆံပင်ကိုသပ်တင်ကာ မျက်နှာကို မော့ချီလိုက်တယ် ။

" မျက်နှာ !! .. ကျွန်တော်က အရမ်းချောတာ .. ကျွန်တော်က သိပ်ချောတာ .. ကျွန်တော်က စူပါအချောတစ်လိုင်း "

သူ့စကားအဆုံးမှာ တစ်ခန်းလုံး ဝေါခနဲ ဆူညံသွားတယ် ။ တချို့ကျောင်းသားတွေဆို လက်ခေါက်မှုတ်သူကမှုတ် ၊ လေချွန်သူက ချွန်နဲ့ ။

သေချာတာပေါ့ ။ ရှီရန်ယွီ မှန်တယ် ။ သူ့ကြောင့် ဖြေနိုင်ခဲ့တာ ။ ရိဟန်က အဖြေကိုသာသိပြီး မေးခွန်းကို တစ်လုံးတောင် သိခဲ့တာမဟုတ်ဘူး ။

ဒါပေမဲ့ အတန်းသားတွေရဲ့ တုံ့ပြန်မှုကိုကြည့်ရင် သူ့အဖြေက ကွက်တိမှန်သွားပုံပဲ ။

" အဖြေကောင်းတစ်ခုပဲ ကျောင်းသားရဲ့ "

လုမင်းထန် အနည်းငယ် အံ့ဩသွားပုံနဲ့ သူ့ကိုပြန်ထိုင်ခိုင်းကာ တခြားကျောင်းသားတွေ ဆက်မေးနေတယ် ။

ရဲ့ရိဟန် ပြန်ထိုင်လိုက်တယ် ။ သူ့အနားတဝိုက်မှ ကျောင်းသူလေးတွေက မယုံနိုင်စွာ သူ့ဘက်ငေးကြည့်နေပြီး ကျောင်းသားတွေက 'မိုက်တယ် ဘရို' ဆိုတဲ့အကြည့်မျိုး ပေးလာကြတယ် ။

စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း(စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း)Where stories live. Discover now