Chapter 38

5.4K 601 4
                                    

ကျိုးနိုင်ထံသို့ ထျန်လီအန်း စာပေးပြီး တစ်ပတ်အကြာ ။

ကျိုးနိုင်က သူတစ်ပါးကို ကြိုးရှည်ရှည်နဲ့လှန်မထားချင်ဘူး ။ ဒါကြောင့် သူက ကောင်မလေးကို ဒီနေ့ပဲ ငြင်းလိုက်တော့မယ်လို့ ထျန်းလီအန်း ကြားလိုက်တယ် ။

ကျိုးနိုင်က ထျန်းလီအန်းရှေ့မှာ အရှက်မကွဲချင်ဘူး ။ ပြီးတော့ ကျောက်စိမ်းလို ချောမွတ်ပြီး ဖြူဖွေးတဲ့ သူ့မျက်နှာမှာ ထင်သာမြင်သာတဲ့ လက်ဝါးရာတစ်ချက်လည်း ရှိနေတယ် ။

တစ်ချက်ကြည့်ရုံနဲ့ တစ်ခုခုဖြစ်ခဲ့တယ်ဆိုတာ သိနိုင်တယ် ။

ထျန်းလီအန်း အံ့ဩသွားတယ် ။

ကောင်မလေးကို ငြင်းခဲ့တာကြောင့် အရိုက်ခံလာရတာလား ?!

" ဘာဖြစ်တာလဲ ကော .. ကောမျက်နှာက အရမ်းတွေ လှနေတယ် "

သူ့စကားဆုံးတာနဲ့ ကျိုးနိုင်က စိတ်ဆိုးမာန်ဆိုး မေးတော့တယ် ။

" ငါ့အသံက အရင်နဲ့မတူဘဲ တကယ်ပြောင်းသွားပြီလား "

ကျိုးနိုင်က ဒေါသတကြီးနဲ့ အကျယ်ကြီးအော်မေးလိုက်တာပဲ ။ ဒါပေမယ့် အသံလေးက ဖော့ဖယောင်းလို ပျော့ပျောင်းပြီး ချစ်စဖွယ်ကောင်းနေတုန်း ။ မိန်းကလေးတွေလို ချိုသာနွဲ့နှောင်းသည်လည်းမဟုတ် ယောက်ျားလေးတွေလို ဩရှပြတ်သားသည်လည်းမဟုတ် ။

ယောက်ျားလေးအများစုက ပုံမှန်ဆိုရင် အသက်၁၆နှစ် မတိုင်ခင်မှာ လုံးဝကို အသံပြောင်းသွားတတ်ကြတယ် ။ ကျိုးနိုင်က သူ့ထက် အသက်ကြီးပေမဲ့ သေချာဂရုတစိုက်နားထောင်ရင်တောင် ကွဲပြားခြားနားလောက်အောင် အသံပြောင်းမသွားသေးဘူး ။

ကျိုးနိုင်ကတော့ သူအသံပြောင်းချိန်ကာလလွန်နေပြီလို့ လုံးဝတွေးမထားဘူး ။ သူက ပြစ်ချက်ကင်းကင်းနဲ့ မွေးဖွားလာတာ ။

ဒါပေမဲ့ သူ့ကိုမရင်းနှီးသူတွေကဝောာ့ သူက မိန်းကလေးလား ယောက်ျားလေးလား ခွဲခြားသိဖို့ အရမ်းခက်ခဲကြတာ အမှန်ပဲ ။

" သူမက ငါ သူမကို လိမ်လည်လှည့်စားတယ်လို့ ပြောတယ် .. သူမကိုမကြိုက်တာနဲ့ပဲ ငါက မိန်းမတစ်ယောက်လို ဟန်ဆောင်နေတယ်တဲ့ .. တောင်ပိုင်းရှမန်ကျောင်းရဲ့ ယူနီဖောင်းကိုဝတ်ပြီး ခုလိုမလေးမစားလုပ်နေရင် အပြစ်တင်ခံရလိမ့်မယ်တဲ့ ..ဘယ်လိုမိန်းကလေးမျိုးလဲ ..တကယ်ကြောက်စရာပဲ "

စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း(စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း)Where stories live. Discover now