Chapter 77

1.8K 292 13
                                    

လက်ထောက်ရှီက လုံးဝလက်မ‌လျော့ဘူးဆိုတာ ရဲ့ရိဟန် သိလိုက်တယ် ။ ထို့အပြင် သူသာ အခု ပွဲဦးထွက်နိုင်ခဲ့ရင် ကီတာစကာ‌ကောလိပ် ဝင်ခွင့်စာ‌မေးပွဲကိုလည်း အလွယ်တကူ အောင်မြင်နိုင်လိမ့်မယ် ။ ရဲ့ရိဟန် အရှည်တွေးပြီးနောက် လုပ်ငန်းကဒ်ကို တစ်နေရာမှာထားပြီး ဆိုတယ် ။

" ကောင်းပါပြီ .. ကမ်းလှမ်းမှုအတွက် ကျေးဇူးတင်ပါတယ် လက်ထောက်ရှီ  "

" ရပါတယ်ဗျာ ..  ကျောင်းသားရဲ့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကိုသာ ကျွန်တော်တို့ယွမ်ဂရုက မျှော်လင့်စောင့်စားနေပါ့မယ် "

နောက်ဆုံးတော့ သူ့ဘော့စ်ယွမ် ညွှန်ကြားလိုက်တဲ့ အရေးကြီးဆုံးကိစ္စကြီး အောင်အောင်မြင်မြင် ပြီးဆုံးသွားပြီ ။ ဒီညတော့ ရှီအန်ချန်းလေး အိပ်ရေးဝဝအိပ်ရချည်ရဲ့ ။

လက်ရှိမှာ လူကြီးမင်းလု ရှိနေသေးပေမဲ့လည်း သူတို့ဆက်ဆံရေးက လူသိရှင်ကြား ပြတ်စဲသွားပြီမို့ အာရုံစိုက်စရာ မလိုတော့ဘူး ။

ရဲ့ရိဟန် ဆက်မငြင်းတော့တာကြောင့် လုမင်းထန်လည် ထပ်မပြောသာတော့ဘူး ။ သူသာ ထပ်ပြီးတားမြစ်နေမယ်ဆိုရင် အရမ်းကို သိသာသွားလိမ့်မယ် ။ ဒါကြောင့် အသာငြိမ်နေလိုက်ရပေမဲ့ သူ့မျက်လုံးအစုံမှာတော့ လက်သင့်မခံနိုင်ခြင်းတွေကို အတိုင်းသား ဖော်ပြထားတယ် ။

" ရိဟန်ရေ မင်းအတွက် ဂုဏ်ယူပါတယ်ကွာ "
လုမင်းထန်က ရဲ့ရိဟန်ပခုံးကိုပုတ်ကာ ဟန်ဆောင်ပန်ဆောင် စကားဆိုလိုက်တယ် ။

အတန်းဆင်းခေါင်းလောင်းသံကြောင့် လုမင်းထန် ကျောင်းသားများဘက် ပြန်လှည့်ကာ အတန်းဆင်းခွင့်ပေးလိုက်တယ် ။

ကျောင်းအုပ်ကျန်းနဲ့ ရှီအန်ချန်းအပါအဝင် ရှယ်ယာရှင်တစ်စု ပြန်သွားပြီးနောက် ရဲ့ရိဟန်လည်း သူ့နေရာလေးသူပြန်လာကာ ဖုန်းထုတ်ကြည့်တယ် ။ ရှီရန်ယွိက စာထပ်ပို့ထားပြန်ပြီ ။

[ မင်း စိတ်မပူနဲ့ .. မင်းကို တစ်ယောက်ယောက် ကူညီလိမ့်မယ် ]

ရှီရန်ယွိက ရှီအန်ချန်းရဲ့ ကမ်းလှမ်းမှုကိုလည်း သိနေပြန်ပါရောလား ။ သူက မှော်ဆရာတစ်ယောက်ပဲ ။

စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း(စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း)Where stories live. Discover now