Chapter 4

6.5K 883 42
                                    

ဒီအိမ်ရာဝန်းထဲမှာ တိုက်အလုံးပေါင်း ၅၀သာရှိပြီး ပေးထားတဲ့နာမည်တွေကို စုစည်းလိုက်ရင် အနက်ရောင် ဝိုင်နဲ့ အနီရောင်လေပြင်းလို လိုက်ဖက်မှုရှိလွန်းလှတယ် ။

ယွမ်ရှောင်က အိမ်ရာထဲက သူပိုင်ဆိုင်ရာ တော်ဝင်ဥယျာဉ်ရှေ့မှာ ဖြေးညှင်းစွာ ရပ်တန့်လိုက်တယ် ။

တကယ်ဆို သူက F City မှာ ရှိနေရမှာ ။ ဒါပေမယ့် ရှီအန်ချန်းရဲ့ စကားကြောင့် မြို့တော်ကို ချက်ချင်းပြန်လာရပြီး ရောက်ရောက်ချင်းပဲ တော်၀င်ဥယျာဉ်ကို ပြန်ခဲ့ရတယ် ။

“ သခင်လေး ထျန်းက ပြောတယ်..ကျွန်တော်က ဘော့စ်ရဲ့ နောက်လိုက်ခွေးတဲ့...ကြည့်ရတာ သူ သတင်းကိုမြင်သွားပြီနဲ့တူတယ် ဘော့စ်..မျက်နှာလည်း မကောင်းဘူး ”

ရှီအန်ချန်း အမြင်မှားတာလား ဘာလား မသိပေမယ့် ဘော့စ်ယွမ်က စိတ်အနှောင့်အယှက်ဖြစ်သွားတာမျိုးမရှိဘူး ။ စိတ်အေးလက်အေးနဲ့ စိတ်ခံစားချက်တွေကောင်းနေတဲ့ပုံ ။

ဒါပေမယ့် တော်ဝင်ဥယျာဉ်ရှေ့ရောက်တော့
တစ်အိမ်လုံး မှောင်မည်းနေတာကိုမြင်ပြီး မျက်မှောင်တန်းကြုတ်သွားတယ် ။

သခင်လေး ထျန်း အိမ်ပြန်မရောက်သေးဘူးနဲ့တူတယ် ။ အိမ်ထဲမှာ လူရိပ်လူယောင် မတွေ့ရဘူး ။

ရှီအန်ချန်းက သူ့ဘော့စ် ယွမ်ရှောင်ရဲ့ အမူအရာကိုကြည့်ရုံနဲ့ ဘာဖြစ်ချင်လဲ တန်းသိတယ် ။ သူ အချိန်မဆိုင်းဘဲ အိတ်ကပ်ထဲက ဖုန်းကိုထုတ်ပြီး သခင်လေး ထျန်းရဲ့ လက်ရှိတည်နေရာကို ရှာလိုက်တယ် ။

“ သခင်လေး ထျန်းက သူ သွားနေကျ ထန်ရှန်း gymမှာပါ ဘော့စ် ”

ထျန်းလီအန်း လေ့ကျင့်ခန်းလုပ်နေကျဆိုတာလည်း ယွမ်ရှောင်မသိဘူး ။ စိတ်လည်းမဝင်စားဘူး ။ ထျန်းလီအန်းရဲ့ ကိစ္စအဝဝကို ရှီအန်ချန်းနဲ့သာ လွှဲထားတာ ။

“ အင်း ငါ နားတော့မယ် ”

“ ကောင်းပါပြီ ဘော့စ် ”

C City ကို ယွမ် အိမ်တော်နဲ့ ထျန်းအိမ်တော်က စိုးမိုးထားတယ်ဆိုပေမယ့် ထျန်းအိမ်တော်ရဲ့ပိုင်ဆိုင်မှုက ခေတ်မီတိုးတက်တဲ့ ရှော့ပင်းမောလ်တွေနဲ့ သာမာန်ကုန်သွယ်ရေးဆိပ်ကမ်းငယ်လေးတွေသာဖြစ်ပြီး ယွမ်အိမ်တော်ကတော့ သယ်ယူပို့ဆောင်ရေးမှာ အဓိကကျတဲ့ ဆိပ်ကမ်းကြီး သုံးခုဖြစ်တဲ့ ယွမ်ကန် ၊ ယာကန် နဲ့ ဟုန်ကု ဆိပ်ကမ်းတွေကို ပိုင်ဆိုင်တယ် ။

စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း(စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း)Where stories live. Discover now