Chapter 85

416 34 0
                                    

ကားတစ်စီးက လေဆိပ်အပြင်မှာ ပါကင်ထိုးပြီး ငြိမ်သက်စွာ စောင့်ဆိုင်းနေတယ် ။ သိပ်မကြာခင် လေဆိပ်ဝင်ပေါက်မှာ ရဲ့ရ်ိဟန် ပေါ်လာတယ် ။ သူက မီးခိုးရောင်ဝတ်စုံဝတ်ထားပြီး တံငါသည်ဦးထုပ် ဆောင်းထားတယ် ။

ဆောင်းဦးမှာတော့ နေ့နဲ့ည အပူချိန် ကွာခြားချက်ကို သိသိသာသာ ခံစားနိုင်တယ် ။ အေးစက်စက်လေတွေက နေ့ဘက်မှာတောင် တဝှီးဝှီး တိုက်ခတ်နေတယ် ။

ကားမှန်တံခါး လျောကျသွားပြီး ရဲ့အားလင် လက်ဆန့်ထုတ်ကာ ဝှေ့ရမ်းပြရင်း ခေါ်လိုက်တယ် ။

" အစ်ကို ရိဟန် "

ရဲ့ရ်ိဟန်က လက်ဂေ့ဂ်ျတစ်ဖက် ဖုန်းတစ်ဖက်နဲ့ ။ သူ့အဖေ စိတ်မပူအောင် လှမ်းဆက်နေတာ ။

" အဖေ ကျွန်တော်ရောက်ပြီ .. အားလင်နဲ့လည်း တွေ့နေပြီ .. အခု ကားပေါ်တက်တော့မှာမို့ ဖုန်းချတော့မယ်.. နောက်မှ ပြန်ဆက်လိုက်မယ်နော် "

ရဲ့ရိဟန် ဖုန်းချပြီး လက်ဂေ့ဂ်ျကို ကားပေါ်တင်လိုက်တယ် ။

ကီတာစကာ ဝင်ခွင့်အောင်သွားတာကြောင့် သဘာဝကျကျပဲ ယွမ်ဂရုရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်နေရာကို သူ လက်ခံလိုက်တယ် ။

Zမြို့တော်ကို ပထမဆုံးရောက်ဖူးတာဆိုပေမဲ့  ဘာရယ်ကြောင့်မှန်းမသိ အရင်က ရောက်ခဲ့ဖူးသလို ရင်းနှီးကျွမ်းဝင်နေတယ် ။

" အစ်ကိုက အခုဆို နာမည်နည်းနည်း ရနေပြီ .. နောက်တစ်ခါ အပြင်ထွက်ရင် နှာခေါင်းစည်း ဒါမှမဟုတ် နေကာမျက်မှန်လေး ဘာလေး တပ်ဦး "

ရဲ့အားလင် တောင်းဆ်ုလိုက်တယ် ။ တကယ်လည်းပဲ ကားပြတင်းအပြင်မှာ ပိုစတာဆိုင်းဘုတ်တွေကိုင်ထားတဲ့ မိန်းမငယ်လေးတွေ ရှိနေခဲ့တယ် ။

ရဲ့ရိဟန် အာရုံသိပ်မထားပေမဲ့ သူ့ဦးထုပ်ကို ခင်ငိုက်ငိုက်ဆွဲချပြီး ပြောတယ် ။
" အိုခေ နားလည်ပြီ "

" ဒါနဲ့ လက်ထောက်တစ်ယောက်လောက် လိုချင်လား ကျွန်တော် ငှားပေးရမလား "
ရဲ့အားလင် ကားစက်နှိုးပြီး လက်ရှိနေထိုင်ရာသို့ ဦးတည်လိုက်တယ် ။

လက်ထောက် ?!

သူ မစဉ်းစားထားတဲ့ မေးခွန်းဆိုပေမဲ့ မလိုချင်တာတော့ မဟုတ်ဘူး ။ ဘာလို့လဲဆိုတော့ အဲ့နေရာအတွက် ရှီရန်ယွိကို သူ ကမ်းလှမ်းထားတယ် ။ ဒါပေမဲ့ ရှီရန်ယွိ အဖြေက မရေမရာနဲ့ ။ ဒီတစ်ခေါက်လည်း သူနဲ့အတူ လိုက်မလာခဲ့ဘူး ။ ဆိုတော့ သူ့ကမ်းလှမ်းချက်ကို ငြင်းလိုက်တာပဲပေါ့ ။

စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း(စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း)Tahanan ng mga kuwento. Tumuklas ngayon