Chapter 70

2.7K 327 18
                                    

ဟိုတယ်ရဲ့ ကားပါကင်မှာ ကားရပ်ပြီးနောက် ရှီရန်ယွိ ကားပေါ်မှဆင်းကာ ကားနောက်ဖုံးကို ဖွင့်လိုက်တယ် ။ ရှီးမူလင် ကြောက်လွန်းလို့ တရှုံ့ရှုံ့နဲ့ငိုရင်း သူ့ကို တုန်လှုပ်စွာ ကြည့်နေတယ် ။

" စိုးရိမ်မနေနဲ့ .. ငါ မင်းကို မသတ်ဘူး "
ရှီရန်ယွိက ပြောပြောဆိုဆိုနဲ့ သူမလက်ကို ကြိုးဖြည်ပေးလိုက်တယ် ။
" ဒီနေ့ည ကိစ္စကို လျှောက်ပြောရဲပြောကြည့် .. လူကြီးမင်းယွမ်ရဲ့ဝိုင်ထဲ မင်း ဆေးခတ်တဲ့အကြောင်း အားလုံးသိအောင် ငါ ဖော်ထုတ်လိုက်မှာ .. စူပါမော်ဒယ်လုမင်းထန်နဲ့ မစ္စတာယွမ်တို့ရဲ့ ဆက်ဆံရေးက ဆေးခတ်ပြီးကြံရတဲ့အဆင့်တောင် ရောက်နေပြီလို့ လူတိုင်းပါးစပ်ဖျားမှာ ရေပန်းမစား‌စေချင်ရင် မင်း ပါးစပ်ကို ထာဝရ ပိတ်ထား "

ရှီးမူလင် ခေါင်းတဆတ်ဆတ်ညိတ်ပြရုံပဲ တတ်နိုင်တယ် ။ ရန်ယွိ သူမပါးစပ်ထဲက ရာဘာလုံးလေးကို ထုတ်ပေးလိုက်တယ် ။
" ကျွန်မ , ကျွန်မ ဘယ်သူ့ကိုမှ မပြောပါဘူး .. ကျိန်ရဲပါတယ် .. ကျေးဇူးပြုပြီး ကျွန်မကို လွှတ်ပေးပါနော် "

" ထွက်ခဲ့ "
ရှီရန်ယွိ သူမကို ဂရုမစိုက်တော့ဘဲ ကားနောက်ခန်းဖွင့်ကာ ဆေးရှိန်ကြောင့် ပူနေတဲ့ လုမင်းထန် ခန္ဓာကိုယ်ကို ဆွဲထုတ်ကာ ထိန်းပွေ့ထားတယ် ။

လုမင်းထန်က အသိစိတ်မကပ်တကပ်နဲ့ ဝက်ဝံလည်ပင်းကို သိုင်းဖက်ပြီး ပါးစပ်ကလည်း အရည်မရ အဖတ်မရစကားတွေကို အမြှုပ်ထွက်မတတ် ဆိုနေတယ် ။

ဟိုတယ်ရဲ့ ဧည့်ကြိုကောင်တာမှ အမျိုးသမီးဟာ ဝက်ဝံဖြူသိုးမွေးဝတ်စုံဝတ်တစ်ယောက်က တခြားတစ်ယောက်ကိုတွဲပြီး ဓာတ်လှေကားထဲ ဝင်သွားတာ တွေ့ပေမဲ့ ထူးပြီးအံ့ဩမနေဘူး ။ ဧည့်ကြိုပါးဝနေပြီ ။ သူတို့ဟိုတယ်ကို အဲ့လိုတွေဝတ်ပြီး လာတဲ့လူတွေမှ တစ်ပုံကြီး ။ ဘယ်လိုပြောရမလဲ လူတချို့ရဲ့ စိတ်သာယာမှုရှာပုံက ထူးခြားတယ်လေ ။

ဓာတ်လှေကားက ဟိုတယ်ထိပ်ဆုံးထပ်မှာ ရပ်သွားတယ် ။ ရှီရန်ယွိ အခန့်သော့ကဒ်ကိုထုတ်ပြီး အခန်းနံပါတ် ၁၈၈၈ရှိရာ လျှောက်လာတယ် ။

တံခါးဖွင့်ဖွင့်ချင်းပဲ အထဲက မြင်ကွင်းကြောင့် ရှော့ရသွားတယ် ။ အခန်းထဲက ဝိုင်နီရောင်နံရံထက်မှာ အမျိုးစုံလင်လှပါတဲ့ sex toysတွေအပြည့် ချိတ်ဆွဲထားပြီး ဖောက်မြင်နေရတဲ့ မှန်ချပ်တွေနဲ့ သီးသန့်ကန့်ထားတဲ့နေရာမှာ အဝတ်ပုခက်တစ်လုံးလည်း ရှိနေတယ် ။

စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း(စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း)Where stories live. Discover now