Chapter 17 + 18

6.5K 726 20
                                    

" မင်းကို ‌စောင့်ကြည့်ပေးဖို့ ရှီအန်ချန်း လာလိမ့်မယ် "

ယွမ်ရှောင်က ရိုးရိုးရှင်းရှင်းပဲ ပြောလိုက်တယ် ။

ပြောပြီး သူ လှည့်ကြည့်လိုက်ချိန်မှာ ထျန်းလီအန်းက အိပ်တောင်ပျော်နေပြီ ။ drip ထဲက ဆေးစက်တွေက ထျန်းလီအန်းရဲ့ လက်သွေးကြောထဲကို တစ်စက်ချင်း စီးကျလို့နေတယ် ။

ယွမ်ရှောင် တကယ်နားမလည်ဘူး ။ ထျန်းလီအန်းက ဘာကြောင့်များ သူ့ကို နေစေချင်တာလဲဆိုတာ ။ အိပ်ပျော်နေတာဝောာင် သူ့အင်္ကျီစကို မလွတ်တမ်း ဆွဲထားတုန်း ။

ထိုအချိန်မှာ ရှီအန်ချန်းလည်း အပြင်က ပြန်ဝင်လာပြီး သူက ဖိတ်စာကိစ္စကိုပါ တစ်ခါတည်း စုံစမ်းလာခဲ့တယ် ။

" စီအီးအို ယွမ် , ဖိတ်စာက မမလေးယွမ်လင်ပို့လိုက်တာပါ ..သူမက ဖိတ်စာခွဲတမ်းချတဲ့ဌာနကို ဝင်လာပြီး ဖိတ်စာတွေ လာယူတယ်တဲ့.. တာဝန်ရှိတဲ့ကြီးကြပ်ရေးမှူးက စီအီးအိုတောင်းဆိုထားတဲ့ အရေအတွက်အတိုင်း ထားထားပေမယ့် သူမက ဧည့်ကြိုဌာနက ဝန်ထမ်းမိန်းကလေးကို ဆူပူကြိမ်းမောင်းပြီး ယူသွားတာ "

တစ်ဆက်တည်း ရှီအန်ချန်းက Tablet ထုတ်ပြီး Cong Yan Film and Television Entertainment က ထုတ်ပြန်တဲ့ သတင်းကို ယွမ်ရှောင့်ထံ ပြလိုက်တယ် ။

ယွမ်ရှောင်ရဲ့ အမူအရာက အဝောာ်ပင် တည်ငြိမ်နေတယ် ။ ရှီအန်ချန်းတစ်ယောက် သူ့ဘော့စ်ကို မခန့်မှန်းကြည့်ဘဲ မနေနိုင်ဘူး ။

စီအီးအိုက သိသိလျက်နဲ့ မမ‌လေးယွမ်လင်ကို ခွင့်ပြုပေးလိုက်တာလား ?!
လု သခင်လေးအတွက် ပထမဆုံး တုန့်ပြန်ပေးလိုက်တာလား !?

ယွမ်ရှောင်က မျက်နှာပြင်ပေါ်က ထုတ်ပြန်ချက်ကို အောက်ထိဆွဲကာ ဖတ်နေတယ် ။

Cong Yan Film and Television Entertainment၏ တရားဝင် ထုတ်ပြန်ချက် : ယနေ့နံနက် အင်တာနက်တွင် ဂယက်ထနေသည့် ကျွန်ဝောာ်တို့အင်တာတိန်းမန့်၏ နာမည်ကြီးသရုပ်ဆောင် ရှန်းယွင်ခုန့် နှင့် ထျန်းရှင်းအုပ်စုမှ ထျန်းလီအန်းတို့ ဘားတစ်ခုတွင် တစ်ညတာလုံးအချိန်ကုန်ဆုံးကြသည်ဆိုသော သတင်းမှာ ကောလဟာလသာဖြစ်ပြီး သတင်းအမှားဖြစ်ပါသည် ။ တရားမျှတသော ပတ်ဝန်းကျင်တစ်ခု ဖန်တီးရန်အတွက် ယုံကြည်မှုဖြင့် အတူတကွ လက်တွဲလုပ်ဆောင်သွားပါရန် အင်တာနက်အသုံးပြုသူများအားလုံးကို မေတ္တာရပ်ခံပါတယ်ခင်ဗျာ ။ ကျွန်ဝောာ်တို့အင်တာတိန်းမန့်အနေဖြင့်လည်း ဤကောလဟာလများ မည်သည့်နေရာမှ ပျံ့နှံ့လာကြောင်းကို အမြန်ဆုံး စုံစမ်းစစ်ဆေးသွားပါမယ်ခင်ဗျာ ။

စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း(စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း)Where stories live. Discover now