Chapter 60 ( U + Z )

3.4K 350 7
                                    

လုမင်းထန် !!!

ဒါက ရဲ့ရိဟန် ရင်းနှီးနေတဲ့ နာမည် ။ မဂ္ဂဇင်းထဲကပုံကိုကြည့်ပြီး သူ အားကျခဲ့ရတဲ့ လူ ။ ဒီလူက သူတို့ရဲ့ ဆရာဖြစ်သတဲ့ ။

အပြင်မှာလူကိုယ်တိုင်မြင်လိုက်ရတော့ ဖြူဖပ်ဖြူလျော် လူမမာသည်နဲ့ ပိုတောင်တူမနေဘူး ။ ဒါပေမဲ့ သွယ်လျပိန်ပါးပြီး ထိုလူကို ပိုပြီးအထင်ကရဖြစ်စေတဲ့ ငွေရောင်ဆံပင်တွေနဲ့ ။ ဒီလူက မော်ဒယ်လောကရဲ့ အကျော်ကြားဆုံးပုဂ္ဂိုလ်ဖြစ်ပြီး နာမည်ကြီးကုန်အမှတ်တံဆိပ်မျိုးစုံရဲ့ catwalk shows တွေမှာ သူမပါရင် ပွဲမစည်ဘူး ။

သူ တရုတ်ပြည်ကိုပြန်လာပြီးနောက်မှာ နာမည်ကြီးဒီဇိုင်နာတွေပါဝင်တဲ့ ကိုယ်ပိုင်စတူဒီယိုတစ်ခုထောင်နိုင်ခဲ့တယ် ။ တကယ်ကို အံ့ဩလောက်စရာပဲ ။

သို့ပေမဲ့ သူ့ကို အမှန်တကယ် တောက်ပကျော်ကြားလာစေတာက F မြို့တော်က ရှိုးပွဲတွေ ။ သူ့အတွက် သီးသန့်ချုပ်ပေးတဲ့ နာမည်ကြီးဒီဇိုင်နာများရဲ့ ခမ်းနားထည်ဝါပြီး အထက်တန်းကျလှစွာသော ဝတ်စုံဒီဇိုင်းမျိုးစုံအပြင် ရှိုးပွဲတစ်ပွဲ,တစ်ပွဲကို မီလီယံဆယ်ချီပြီး အကုန်အကျခံကာ ကျင်းပခဲ့တဲ့ ပွဲပေါင်းက မနည်းမှမနည်းခဲ့ပဲ ။ ဒါတွေကြောင့် လုမင်းထန်ဟာ ပိုပိုပြီး အရောင်ထွက်လာခဲ့တာ ။

( T/Nနောက်ကွယ်က စပွန်ဆာကို သိကြတယ် ဟုတ် ??..စပွိုင်းရရင်တော့ အကြောင်းရှိလို့,လို့ဆိုရမှာပေမဲ့လည်း ကိုယ်ကတော့ နားလည်မပေးနိုင်ဘူးရယ် .. Gong တွေထဲ ဒီ Gong ကို စိတ်အပျက်ဆုံး 'ကိုယ့်စိတ်ခံစားမှုအရပေါ့လေ' .. အပိုင်းတစ်ရာကျော်ထိဖတ်ပြီးတာတောင် , အကြောင်းတရားတွေကို နားလည်ပြီးတာတောင်မှပေါ့ .. အဲ့အပိုင်းတွေရောက်လာရင် reader လေးတို့ရဲ့ အမြင်ကိုလည်း သိချင်မိတယ် .. အရမ်းကို ဆွေးနွေးချင်နေပြီ )

ရဲ့ရိဟန် အတွေးထဲမျောနေတုန်း အသံအက်အက်တစ်သံကို ကြားလိုက်ရတယ် ။

" ကျောင်းသားလေး ခြေထောက်ကြွဦး .. မင်း စာရွက်တစ်ရွက်တက်နင်းထားတယ် .. ဒီနေ့ ဒီအမှိုက်ကိုမရှင်းရင် ဒဏ်ငွေဆောင်နေရမယ် "

ရဲ့ရိဟန် အမှတ်တမဲ့ ခြေထောက်ကြွလိုက်မိတယ် ။ ဒါပေမဲ့ သူ့ခြေဖဝါးအောက်မှာ ဘာဆိုဘာမှရှိမနေဘူး ။

စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း(စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း)Where stories live. Discover now