Chapter 14 + 15

6.5K 808 38
                                    

ကြမ်းပြင်မှ မျက်နှာကြက်အထိ မြင့်မားတဲ့ မှန်ပြတင်းရှေ့မှာ ထျန်းလီအန်း နောက်ကျောပေးပြီး ရပ်နေခဲ့တယ် ။ မှန်ချပ်မှာထင်ဟပ်နေတဲ့ ဖြူနုနုကျောပြင်လေးထက်မှာတော့ စုပ်ရာကိုက်ရာဗရပွနဲ့ ညိုမဲတဲ့နေရာ ညို ၊ ခရမ်းပုပ်ရောင်သန်းတဲ့နေရာကသန်းလို့ ။ မြင်ရက်စရာတောင်မရှိဘူး ။ လည်တိုင်ထက်မှာလည်း ညိုရဲနေတဲ့လက်ရာကြီးတွေက အချောင်းလိုက် ။

ယွမ်ရှောင်က လွန်ခဲ့တဲ့ တစ်နာရီခွဲလောက်တည်းက ဖုန်းလာလို့ ထွက်သွားနှင့်ပြီ ။

ထျန်းလီအန်း လည်ထောင်ပါတဲ့ ပိုလိုရှပ်တစ်ထည် ဝတ်လိုက်တယ် ။ ရှပ်က လည်ထောင်ဖြစ်တဲ့အပြင် အနည်းငယ်ရှည်စပြုနေတဲ့ ဆံပင်အောက်နားလေးတွေက သူ့ရဲ့ဒဏ်ရာတွေကို ကောင်းကောင်းကြီးဖုံးပေးနိုင်တယ် ။

ရေချိုးပြီးထွက်လာပေမယ့် သူ့လည်ချောင်းတွေ အက်ကွဲနေသေးတာကြောင့် ချောင်းတစ်ချက်နှစ်ချက်ဆိုးလိုက်တယ် ။ နီရဲမို့အစ်နေတဲ့မျက်ခွံတွေလည်း နဂိုအတိုင်း ပြန်ဖြစ်စပြုလာပြီ ။

" သူနဲ့နှိုင်းယှဉ်ရအောင် မင်းက ဘာတန်ဖိုးရှိလို့လဲ "

" သူ့နာမည်ထုတ်ပြောရအောင် မင်းလိုကောင်ရဲ့ပါးစပ်နဲ့ သူ့နာမည်က တန်နေလို့လား "

" ခွေးပါးစပ်က နတ်စကားမထွက်နဲ့ "

" ထျန်းလီအန်း ! မင်းက ရွံစရာကောင်းလိုက်တာ "

" ထျန်းလီအန်း ! မင်းက တကယ် ငါ့ကို အော်ဂလီဆန်စေတာပဲ "

" ထွီ ! အန်တောင်ထွက်တော့မယ် "

ယွမ်ရှောင်က သူ့ကို အရမ်းမုန်းပြီး နည်းနည်းလေးတောင် မနှစ်မြို့ခဲ့ဘူး ။ ခန္ဓာကိုယ်ချင်း စပ်ယှက်ပြီးတိုင်း အန်ထွက်မတတ် ရွံရှာနေတော့တာ ။

ဟုတ်တယ် ။ သူက ယွမ်ရှောင့်အတွက်တော့ စိတ်ဆန္ဒတွေဖြေဖျောက်ဖို့ရာ အသုံးချခံရတဲ့ ရွံစရာအပျက်ကောင်သာသာပါပဲ ။ အဲ့ဒီထက် ဘယ်တုန်းကမှ မပိုခဲ့ပါဘူး ။

ဒါပေမယ့် သူ သည်းခံနိုင်တဲ့အတိုင်းအတာထိ သည်းခံသွားပေးမှာပါ ။

ထို့နောက် ရှုပ်ပွညစ်ပေနေတဲ့အခန်းကို သန့်ရှင်းရေးလုပ်လိုက်တယ် ။ သူ့ဖုန်းက ထမြည်လာပေမယ့် ဘယ်နားမှာပြုတ်ကျနေမှန်းမသိတာကြောင့် ဟိုဒီငုံ့ကိုင်းကာ ရှာကြည့်တော့ ခုတင်အောက်အစပ်နားလေးမှာ ။

စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း(စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း)Where stories live. Discover now