Chapter 24

5.4K 680 28
                                    

ယွမ်ရှောင် နဲ့ ကျိုးနိုင်ကလည်း တစ်ကျောင်းတည်းထွက်တွေဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် သိနှင့်နေပြီးသား ။ ဒါပေမယ့် ထျန်းလီအန်းနှလုံးသားထဲမှာ ကျိုးနိုင်မရှိဘူးလို့ ယွမ်ရှောင် ထင်မိတာကြောင့် သတိမထားဘဲ နေခဲ့မိတာ ။ ဒါပေမယ့် သူထင်ထားတာနဲ့ ဆန့်ကျင်ဘက်ဖြစ်နေခဲ့တာပဲ ။

သို့သော်ငြား စီးပွားရေးသမားမျက်စိနဲ့ကြည့်ရင် ကျိုးနိုင်လိုလူမျိုးက လက်မလွှတ်သင့်တဲ့ အခွင့်အလမ်းကောင်းဖြစ်နေပြန်တယ် ။

သူတို့‌နေရာတကျထိုင်ပြီးနောက် မန်နေဂျာက မှာထားတဲ့ အစားအသောက်တွေလာချပေးကာ ဝန်ဆောင်မှုအပြည့်ပေးတယ် ။ Bazhen Yushi ဟင်းပွဲက စားပွဲပေါ်မှာ နေရာယူထားတယ် ။ မြေပဲဆံ , ကြာစွယ်ပါတဲ့ ဝက်နံရိုးစွပ်ပြုတ်ကို ယွမ်ရှောင်နဲ့အနီးဆုံးနေရာကို ထျန်းလီအန်း ပို့ပေးလိုက်တယ် ။

သူတို့ရဲ့မျက်နှာချင်းဆိုင်မှကျိုးနိုင်က ယွမ်ရှောင့်ကို နှုတ်ဆက်စကားဆိုတယ် ။ ယွမ်ရှောင်က အေးတိအေးစက် ခေါင်းညိတ်ကာ အသိအမှတ်ပြုတယ် ။

ကျိုးနိုင်က ယွမ်ရှောင့်ကို နားမလည်ဘူးဖြစ်နေတယ် ။ ဘာကြောင့်လဲဆိုတော့ ထျန်းလီအန်းက သူ့ရှေ့မှောက်မှာ သူတို့အကြောင်းကို တစ်ကြိမ်တစ်ခါတည်းသာ ဖွင့်ဟခဲ့ဖူးတာကြောင့်ပဲ ။

" ကော ဒီတစ်ခါရော ဒီမှာ ဘယ်လောက်ကြာကြာနေမယ်လို့ စီစဉ်ထားလဲ "

ထျန်းလီအန်းက ကျိုးနိုင် နဲ့ ယွမ်ရှောင်အတွက် စွပ်ပြုတ်တစ်ပန်းကန်ဆီ ခပ်ထည့်ပေးရင်း မေးလိုက်တယ် ။ ဒါပေမယ့် သူ့အတွက်ဆိုပြီး တစ်ပန်းကန် ထည့်မနေတော့ဘူး ။

ကျိုးနိုင် စွပ်ပြုတ်ကိုယူပြီး ကြွေဇွန်းလေးနဲ့ ခပ်သောက်လိုက်တာကြောင့် ကြွေပန်းကန်လုံးနဲ့ ကြွေဇွန်း ထိခတ်သွားတဲ့ အသံလေး ထွက်လာတယ် ။

" ကိုယ့်အဖိုးက ကိုယ်ကိုယ်တိုင်ဦးဆောင်သင့်ပြီလို့ ပြောလိုက်တယ်လေ ..ဒီတစ်ခါတော့ ကိုယ် မပြန်ဖြစ်လောက်ဝောာ့ဘူး "

သူတို့နှစ်ယောက် စကားကောင်းနေကြပေမယ့် ယွမ်ရှောင်က ဝင်ရောက်ပြောဆိုခြင်းမရှိဘဲ အေးဆေးစားနေတယ် ။ သူ့မျက်လုံးကတော့ ထျန်းလီအန်းရဲ့ ညာဘက်လက်ပေါ်မှာ သံမှိုဆွဲလျက် ။

စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း(စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း)Where stories live. Discover now