Chapter 1

14.3K 954 78
                                    

"ကိုက်ထား ! "

ယွမ်ရှောင်ရဲ့ အေးစက်စက်အသံနဲ့အတူ တစ်စွန်းတစ်စအနံ့ထွက်နေတဲ့ အောက်ခံဘောင်းဘီတစ်ထည်ကို ထျန်းလီအန်းပါးစပ်ထဲ ထိုးသိပ်ထည့်ခံလိုက်ရတယ် ။ သူ့နှုတ်ခမ်းရော အာခံတွင်းတစ်ခုလုံးပါ စူးရှကျိန်းစပ်နေပြီး သွားရည်တွေ စီးကျလို့လာတယ် ။

သူ့အသံတွေ ဖွင့်ထုတ်လိုက်ချင်ပေမယ့် ခေါင်းဦးအစွန်းကို လက်တစ်ဖက်နဲ့ တင်းတင်းဆုပ်ကာ အောက်ခံဘောင်းဘီကို ဖိကိုက်ပြီး
ထွက်ကျလာတော့မယ့် ညီးညူသံတွေကို အတင်းထိန်းချုပ်ထားရတယ် ။

ရုတ်တရက် ယွမ်ရှောင်က ကိုယ်တစ်ဝက်ကိုင်းကာ သူ့ကိုယ်ပေါ်ဖိချလာပြီး အိပ်ရာဘေးက စားပွဲပေါ်မှာတင်ထားတဲ့ဖုန်းကို လှမ်းယူလိုက်တယ် ။

"ထန်ထန် " (လုမင်းထန်)
ထိုလူရဲ့အသံက နူးညံ့ညင်သာလွန်းတယ် ။

စောနကထိ အေးစက်နေတဲ့အသံနဲ့ နှိုင်းယှဥ်လို့မရလောက်အောင် နူးညံ့ခြင်းတွေ ပျော်ရွှင်ကြည်နူးခြင်းတွေ ပျော်ဝင်နေတော့တာ ။

ထျန်းလီအန်း လှည့်ကြည့်စရာမလိုဘဲ သိနေပါတယ် ။ ဒီလိုအချိန်ဆို ယွမ်ရှောင်ရဲ့မျက်နှာမှာ နွေးထွေးချိုမြတဲ့ အပြုံးတွေ ရှိနေမယ်ဆ်ိုတာ ။

သူတို့နှစ်ယောက်က မိုင်ပေါင်းများစွာဝေးကွာနေတာတောင် ယွမ်ရှောင်ရဲ့ ဒီလိုအပြုံးက
လုမင်းထန်တစ်ယောက်တည်းအတွက်သာ ပွင့်ဖူးဝေဆာတယ် ။

"ကိုယ်လည်း လွမ်းတယ်..မနက်ဖြန်ကျရင် ကိုယ် F City လာမှာ.. အဲ့ဒီကိုလာရင်းနဲ့ မင်းကို လာတွေ့မယ်နော် "

ယွမ်ရှောင်က ဖုန်းချပြီး F City သွားမယ့် အစီအစဥ်ကို ရှင်းပြလေတယ် ။
ထျန်းလီအန်းလည်း နားထောင်နေရတာပေါ့ ။ မဟုတ်ရင် သူ့ရဲ့ ယောက္ခထီး နဲ့ ယောက္ခမ(ယွမ်ရှောင်ရဲ့မိဘတွေ) မေးခွန်းထုတ်သမျှကို သူ ပြန်ဖြေနိုင်မှာမဟုတ်ဘူး ။

သူတို့က သူ့ကို အပြစ်မမြင်ဘဲ ယွမ်ရှောင်ကိုပဲ အပြစ်မြင်ကြမှာ ။

ပြီးရင်တော့ ကုလားမနိုင် ရခိုင်မဲဆိုသလို ယွမ်ရှောင်ရဲ့ ဒေါသတွေက သူ့အပေါ် စုပုံလာတော့မယ်လေ ။

စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း(စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း)Where stories live. Discover now