Chapter 84

1.6K 209 5
                                    

လူတစ်ယောက်က တံခါးဝမှာ မတ်မတ်ရပ်နေပြီး ရှေ့တူရှုကို ကြည့်နေတယ် ။ ဆံပင်နက်နက်တွေထက်မှာတော့ စာအုပ်ထူကြီးတစ်အုပ်ရှိနေတယ် ။ သူ့မျက်ခုံးကို ယောင်ယောင်လေး ကြုပ်ထားပြီး မျက်ဆန်ညိုတွေက ဂလက်ဆီကြယ်စုပမာ တောက်ပရွှန်းစိုလို့ ။ သူ့ပုံစံက နားရွက်ရှည်တွေ ကုပ်ကျနေတဲ့ ယုန်လေးတစ်ကောင်လိုပဲ ။

သူ ရပ်နေရတာ သုံးနာရီတောင် ရှိနေပြီ ။

တကယ် မတရားဘူး ။

အကြောင်းရင်းကတော့ ချစ်လှစွာသော ဒူးမနာအစ်ကိုတော် ရဲ့ရိဟန်ကြောင့်ပေါ့ ။ သရုပ်ဆောင်လိုင်းကို သေချာရွေးချယ်ပြီး လျှောက်လွှာတင်ပေးခဲ့တာတောင် ရဲ့ရိဟန်က သူ့‌နောက်ကွယ်မှာ လက်တစ်လုံးခြားလှည့်ပြီး မော်ဒယ်လိုင်းကို ပြောင်းသွားခဲ့တယ်တဲ့ ။

အစ်ကိုခုန့် စိတ်ဆိုးသင့်ပါတယ်လေ ။ အစ်ကိုခုန့်ကိုယ်တိုင် သတိပေးခဲ့ပါလျက်နဲ့ ပေါ့လျော့မိတာ သူဆိုတဲ့ ရဲ့အားလင်လေးပါ ။

ရှန်းယွင်ခုန့်ကတော့ စာကြည့်ခန်းထဲမှာ ။ အနားယူနေကျ အချိန်ထက် တစ်နာရီတိတိ နောက်ကျနေပြီ ။

ဆိုတော့ သူ့ကို ခွင့်လွှတ်မပေးသေးဘူးလား ??!

" အာ့ ငါ့လည်ပင်း ....."

ရဲ့အားလင် တစ်ဝက်ဖွင့်ထားတဲ့ တံခါးမှတဆင့် စာကြည့်ခန်းထဲ ကြည့်လိုက်တယ် ။ သူ့လည်ပင်း ဒီလာက်နာမယ်လို့ မထင်ထားမိဘူး ။

ဘုတ် !

တစ်ဆယ်စင်တီမီတာအထူရှိတဲ့ စာအုပ်ကြီးက သူ့ခေါင်းထက်မှ လျောကျသွားတယ် ။

အားးးးးးးးး

အစ်ကိုခုန့်သာ စိတ်ဆိုးပြေမယ်ဆိုရင် တစ်ညလုံး မအိပ်ဘဲ ဒီတိုင်းလေး ရပ်နေနိုင်ပါတယ် ။

ဒီစည်းကမ်းက အတိတ်မှာတည်းက ချမှတ်ထားတာ ။ အေးဂျင့်က သရုပ်ဆောင်ရဲ့ဘဝကို အများကြီး ဝင်ရောက်စွက်ဖက်ခွင့်မရှိဘူး ။ နှောင့်ယှက်ပိုင်ခွင့်လည်း မရှိဘူး ။ သူ့ကို စိတ်တိုအောင်လုပ်မိရင် မင်းအသိစိတ်နဲ့ မင်းဘာသာ ပြစ်ဒဏ်ခံယူရမယ် ။

သူ့အမှားအတွက် သူ ရပ်နေတာကို အစ်ကိုခုန့် မြင်မှဖြစ်မယ် ။ ဒါကြောင့် အစ်ကိုခုန့် မြင်နိုင်တဲ့နေရာမှာ ရွေးရပ်နေခဲ့တာ ။

စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း(စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း)Where stories live. Discover now