Chapter 11

5.9K 818 23
                                    

ငွေမှင်နဲ့ အနက်ရောင်,ရောင်ပြေးနေတဲ့ ဖောင်တိန်က ယွမ်ရှောင့်လက်ထဲ ရောက်လာခဲ့တယ် ။ ဖောင်တိန်အောက်ခြေနားက ခလုတ်လေးကိုနှိပ်လိုက်တော့ လူနှစ်ယောက်ရဲ့ စကားသံတွေ ထွက်လာတယ် ။

" တကယ်လား ??..ကျွန်မအစ်ကိုက ကွာရှင်းဖို့ပြောလာရင် ရှင် တကယ် လိုက်လျောပေးမှာလား "

" တကယ် "

ယွမ်လင်က ထျန်းလီအန်းကို အမှန်တကယ်ပြောတာလားလို့ မေးနေတာဖြစ်ပြီး ထျန်းလီအန်းကလည်း တုန့်ဆိုင်းခြင်းမရှိ ဟုတ်တယ် လို့ ပြန်ဖြေထားတယ် ။

ယွမ်ရှောင် ခလုတ်ကို ထပ်ခါထပ်ခါနှိပ်ပြီး စကားသံတွေကို ထပ်ခါထပ်ခါ နားထောင်တယ် ။ အသေအချာ ဂရုတစိုက်နဲ့ ။

ရှီအန်ချန်းတောင် အဲ့ဒီစကားတွေကို အလွတ်ရနေပြီ ။

ဒီလက်ထပ်ပွဲကို ထျန်းသခင်လေးဘက်က စခဲ့တာ မဟုတ်ဘူးလား ?! ထျန်းသခင်လေးကပဲ လိုလိုလားလားနဲ့ အရင်လက်ထပ်ချင်ခဲ့တာလေ ! အခုကျတော့ ဘော့စ်ယွမ်က သူ့ကို အချိန်မပေးတာနဲ့ပဲ သူက ထွက်သွားတော့မယ်ပေါ့ ?!

"Marlene ကို သွားမယ် "

"ဟုတ်ကဲ့ ဘော့စ် "

ကားနောက်ကြည့်မှန်ကတစ်ဆင့် မြင်နေရတဲ့ ယွမ်ရှောင့်မျက်နှာက မည်းပုပ်နေတာပဲ ။ အခုချိန် သူ‌ရှေ့မှောက်မှာ ထျန်းလီအန်းသာပေါ်လာရင်တော့ တစ်စစီ ဆုတ်ဖြဲခံရလောက်တယ် ။

ကျန်းချန်အန်းရဲ့ အန်လန်ဘားက ထျန်းလီအန်း ပြန်ထွက်လာတော့ မနက်လေးနာရီ ။
ဝိုင်လေးမော့လိုက် ရှန်းယွမ်ခုန့်နဲ့ လေပစ်လိုက်လုပ်ရင်း ဒီအချိန်ထိ ရောက်သွားရတာပဲ ။

ရှန်းယွမ်ခုန့်ကြောင့် မမျှော်လင့်ဘဲ သူ မေ့နေခဲ့တာကို သတိတရဖြစ်လို့သွားတယ် ။ ဟုတ်တယ် ။ သူ့မှာ မိတ်ဆွေသူငယ်ချင်း မရှိတာ အရမ်းကို ကြာနေခဲ့ပြီ ။

ငိုက်စိုက်ငိုက်စိုက်နဲ့ သူ့ကားရှိရာလျှောက်လာပေမယ့် သူ့နောက်ဘက် မလှမ်းမကမ်းမှာ ရှန်းယွမ်ခုန့် ပါလာတာ သတိမထားမိဘူး ။

" မစ္စတာ ထျန်း "

ထျန်းလီအန်း လှည့်လာကာ မူးနေတာရော အိပ်ချင်စိတ်ရောကြောင့် ပျော့ခွေနေတဲ့ လက်တစ်ဖက်ကို အားယူမ,ပြီး မပွင့်ပွင့်ဖြစ်နေတဲ့ မျက်လုံးတွေက်ို ပွတ်လိုက်တယ် ။

စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း(စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း)Where stories live. Discover now