Chapter 2

8.1K 841 38
                                    

သူတို့နှစ်ယောက်ကြားမှာ အရင်တုန်းက ဘာပြဿနာမှ မရှိခဲ့ဘူး ။ ထျန်းလီအန်းက နောင်တစ်ချိန်မှာ ယွမ်ရှောင်နဲ့ လက်ထပ်ရမယ့်သူဆိုတာ ယွမ်ရှောင် မသိသေးခင်ထိပဲ ဆိုပါတော့ ။

သူတို့နေတဲ့မြို့တော်က Z City ။ သူတို့မိသားစုနှစ်စုက တစ်စု နဲ့ တစ်စု အမှီသဟဲပြုရင်းနေလာခဲ့တာ နှစ်ပေါင်းမနည်းတော့ဘူး ။
ယွမ်မိသားစုက ပိုပြီးတော့ သြဇာအာဏာရှိတယ် ။ Z City တစ်မြို့လုံးရဲ့ အိမ်ခြံမြေလုပ်ငန်းကို ယွမ်မိသားစုက ချုပ်ကိုင်ထားတာ ။

ယွမ်မိသားစုရဲ့ ဆက်ခံသူ ယွမ်သခင်လေး ယွမ်ရှောင်ကိုတော့ ယောင်လို့တောင် ရန်သွားမစလေနဲ့ ။ မင်း ဒီနေ့ ရန်စရင် မနက်ဖြန် မင်းရဲ့ ပိုင်ဆ်ိုင်မှုအားလုံးကို မင်း တာ့တာပြ နှုတ်ဆက်လိုက်ရလိမ့်မယ် ။

ယွမ်ရှောင်ကို Z City တစ်ခုလုံးမှာ မော်ကြည့်ရဲသူ မရှိခဲ့ဘူး ။ ယွမ်ရှောင်ကိုသာ အလိုလိုက်အကြိုက်ဆောင်မယ်ဆိုရင် သူက မင်းအတွက် ရွှေလမ်းငွေလမ်းခင်းပေးလိမ့်မယ် ။

လတ်တလောမှာ သူ့ရဲ့နာမည်က
အင်တာတိန်းမန့်ပေါင်းစုံမှာ ရေပန်းအစားဆုံး ။ ဒါက စီးပွားရေးလက်တံတွေရှည်လွန်းတာကြောင့်မဟုတ်ဘဲ F Cityရဲ့ နာမည်ကျော် မော်ဒယ် လုမင်းထန်က ကမ္ဘာကျော်မော်ဒယ်တစ်ယောက်ဖြစ်လာတာကြောင့်ပဲ ။

မကြာမီက လုမင်းတစ်ယောက် သူ့ရဲ့စာချုပ်သက်တမ်းတိုးဖို့အတွက် တရုတ်ပြည်ကို ပြန်ရောက်နေတယ် ။ ဒါက လုမင်းတန်အတွက်ယွမ်ရှောင် ကြိုတင်ဖောက်ပေးခဲ့တဲ့လမ်း ။

Z City မှာတော့ ယွမ်ရှောင့်မှာ ချစ်သူနှစ်ယောက်ရှိတာ ဘယ်သူမှ မသိကြဘူး ။ တစ်ယောက်က ယွမ်ရှောင်နဲ့ လူသိရှင်ကြား လက်ထပ်ထားတဲ့ ထျန်းလီအန်းဖြစ်ပြီး တစ်ယောက်က ယွမ်ရှောင် နှစ်နှစ်ကာကာချစ်ရတဲ့ အသည်းတုံးလေး လုမင်းထန် ။

ဟုတ်တယ် ။ အမှန်ပါပဲ ။ လုမင်းထန်ဆိုတာ ယွမ်ရှောင်နှလုံးသားတစ်ခုလုံးနဲ့ရင်းပြီး ချစ်ရတဲ့ အချစ်စစ်ကလေး ။

"မင်း ဘာလုပ်နေတာလဲ "

ယွမ်ရှောင်ရဲ့ အသံတိုးတိုးက ထျန်းလီအန်းနောက်က ထွက်လာတယ် ။ သူ ထိတ်လန့်သွားပေမယ့် သစ်သားသေတ္တာလေးကို အချိန်မီ မပိတ်လိုက်နိုင်ဘူး ။ ဘိုးတိုင်လေးက သူ့လက်ထဲက လွတ်ကျသွားပြီး မြေခသွားရှာတယ် ။

စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း(စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း)Where stories live. Discover now