Chapter 12

6.1K 759 14
                                    

ယွမ်မိသားစုပိုင်ကားတစ်စီးက ပန်းခြံအပြင်ဘက်မှာ ရပ်စောင့်နေတာ တစ်နာရီခွဲလောက်ကြာနေပြီ ။ ဒါပေမယ့် ထျန်းလီအန်းကတော့ ထွက်မလာသေးဘူး ။

" ယွမ်သခင်လေးရယ် အားနာမိပါတယ်ဗျာ ..ကျွန်တော်တို့ သခင်လေးက ဒီနေ့ အတန်းမတက်တော့ဘူးတဲ့ ..essay ရေးဖို့မေ့နေလို့တဲ့လေ ..ဒါနဲ့ သခင်လေးက ဘာလို့ မသွားသေးတာလဲ "

အထက်တန်း တတိယနှစ်ရဲ့ ဂျူနီယာကျောင်းသားတွေက အမြဲအလုပ်များနေတတ်တာ ယွမ်ရှောင် နားလည်ပါတယ် ။ ပြီးတော့ ညက သူတို့နှစ်ယောက် အင်တာနက်ဂိမ်းဆော့ကြတာ ဆယ်နာရီထိအောင်ပဲ ။ essay ရေးလို့မပြီးသေးတာ အံ့ဩစရာမရှိပါဘူး။

" ကိစ္စမရှိဘူး ..သူ့ကိုသာ ထွက်လာခိုင်းလိုက် "
ယွမ်ရှောင်က နွေးထွေးစွာ ဆိုလေတယ် ။

ထိုခဏမှာ ထျန်းလီအန်းက ကျောင်းလွယ်အိတ်ဆွဲပြီး ပြေးချလာတယ် ။ မျက်နှာထက်မှာတော့ မကျေနပ်ခြင်းတွေက အထင်းသား ။ ပန်းရောင်ဖျော့ဖျော့နှုတ်ခမ်း
လေးတွေမှာ စတော်ဘယ်ရီယိုသုတ်ထားတဲ့ ပေါင်မုန့်ချပ်ကို ကိုက်ထားလျက် ။

ယွမ်ရှောင်က ထျန်းလီအန်း လွယ်အိတ်ကိုလှမ်းယူပြီး ထျန်းလီအန်းကို ကားထဲဝင်စေတယ် ။

" ပေါင်မုန့်ကို အရင်စားလိုက် ..ငါ essay ရေးပေးမယ် "

ထို့နောက် ယွမ်ရှောင်တစ်ယောက် ထျန်းလီအန်းလွယ်အိတ်ကိုဖွင့် စာအုပ်ကိုထုတ်ကာ ပေါင်ပေါ်တင်ပြီး essay ရေးခြင်းကို စတင်လေတော့တယ် ။

ထျန်းလီအန်းက ပေါင်မုန့်ဝါးလျက် မပီမသ 'အင်း' ပြီး ကားပြတင်းပေါက်ဘက်ကို ခေါင်းမှီချလိုက်တယ် ။ တစ်ဝက်ဖွင့်ထားတဲ့ ကားပြတင်းက ဝင်ရောက်လာတဲ့ နံနက်ခင်းရဲ့လေအေးအေးတွေက သူ့ရဲ့ ဆံပင်ပျော့ပျော့လေးတွေကို လီနင်စတွေကို ရှုပ်‌‌ထွေးသွားစေပြီး နေရောင်ခြည်နွေးနွေးလေးက သူ့မျက်နှာလေးပေါ် ဖြာကျနေတယ် ။

ယွမ်ရှောင် ခေါင်းအသာငဲ့ကာကြည့်ဝောာ့ ထျန်းလီအန်း ရယ်ပြလိုက်တယ် ။ သူ့နှုတ်ခမ်းထောင့်စွန်းလေးမှာ စတော်ဘယ်ရီယိုသုတ်ထားတဲ့ ပေါင်မုန့်စလေးတွေကပ်လို့ ။ ယွမ်ရှောင့်နှလုံးသားလေး နူးညံ့ပျော့ပျောင်းသွားကာ အမည်မသိတဲ့ နွေးထွေးမှုလေးတွေ တသိမ့်သိမ့် စီးဆင်း‌လာတယ် ။

စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း(စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း)Where stories live. Discover now