Chapter 74

2.1K 287 5
                                    

အခု ရှီရန်ယွိစားလိုက်တဲ့ဘာဂါက ဆုလာဘ်တစ်ခုနဲ့ ပိုတူတယ် ။ ဘာကြောင့်လဲဆိုတော့  ယွမ်ရှောင့်ကို သူ ကူညီပေးလိုက်တာမို့ ။

" ဟုတ်ပါ့ဗျာ .. ငါ့ချစ်တူလေးက စဉ်းစားတတ်တဲ့ ကလေးပဲ "

ထို့နောက် ဘာမှမကျန်တော့တဲ့ စက္ကူအိတ်ကို ဘောလုံးလိုလုံးပြီး အမှိုက်ပုံးထဲချိန်ကာ ပစ်ထည့်လိုက်တယ် ။

"  အဲ့ဒီဆရာလုက သူမကို အမိန့်ပေးတာလို့ မင်းလည်း တွေးမိတယ် မဟုတ်လား ?? သူတို့အချစ်ရေးက တိခနဲ ပြတ်သွားတော့ မပြတ်နိုင်တဲ့တစ်ဖက်က ရှေ့ဆက်ဖို့ တစ်ခုခု ကြံစည်ရတော့တာပေါ့လေ .. တစ်ထွာတစ်မိုက်ဉာဏ်လေးနဲ့ မျက်စိတစ်ဆုံးမကြည့်ဘဲ မျက်တောင်မွေးတစ်ဆုံးပဲကြည့်တတ်ရှာတာကိုး ကျွတ် ကျွတ် "

ရဲ့ရိဟန်က အဲ့ဒီအကြောင်းထက် ဆရာလုနဲ့ ယွမ်ရှောင်တို့ရဲ့ ပြတ်စဲသွားရခြင်း အကြောင်းကို ပိုစိတ်ဝင်စားမိတယ် ။

" အဲ့ညက ဆရာလုနဲ့ အတူရှိခဲ့တာ ခင်ဗျားလား .. ဒီအကြောင်းကို ယွမ်ရှောင်လည်း စုံစမ်းလို့ရမှာပဲ "

ရှီရန်ယွိ ခေါင်းခါတယ် ။ သူ့မျက်နှာက နီမြန်းခြင်းမရှိဘဲ နှလုံးလည်းခုန်နေဆဲပဲ ။
" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ .. သူက ကမ္ဘာကျော်စူပါမော်ဒယ်တစ်ယောက် ငါက သူတောင်းစားလေ .. ငါ့လိုလူက သူ့ကို ထိနိုင်မှာတဲ့လား .. အဲ့မိန်းမက ဝိုင်ဘားထဲက ခိုးကြောင်ခိုးဝှက်ထွက်လာတာနဲ့ ဆရာလုကို ဖုန်းခေါ်ပြီး သူမဆေးခတ်ပြီးကြောင်း လှမ်းပြောနေတာကို မထင်မှတ်ဘဲ ငါကြားခဲ့ရတာ .. အဲ့ဒီနောက်ပိုင်း ဘယ်လိုမတော်တဆတွေဖြစ်သွားလဲ မသိဘဲ ယွမ်ရှောင်က မင်းဆီရောက်လာတယ် .. မင်းတို့ဆရာလုရဲ့ မဟာအကြံအစည်ကြီး ပလုံသွားတာပေါ့ကွာ ဟားဟား "

အဲ့ဒါကြောင့်ပဲ သူက အခက်အခဲမရှိ ဟိုမိန်းမကားထဲဝင်ပြီး နောက်ဆက်တွဲ ကိစ္စတွေကို လွယ်ကူချောမွေ့စွာ လုပ်နိုင်သွားခဲ့တာ ။ အထူးသဖြင့် လုမင်းထန်ကို သတိပေးနိုင်သွားခဲ့တယ် ။

ရဲ့ရိဟန် သံသယဝင်နေပေမဲ့ ဆက်မမေးတော့ဘူး ။ ဘာကြောင့်လဲဆိုတော့ ရှီရန်ယွိမှာက မဆုံးနိုင်တဲ့ အကြောင်းပြချက်တွေနဲ့ ။  သူ ဘယ်လိုမေးမေး အဖြေမှန်သိရမှာ မဟုတ်ဘူး ။

စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း(စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း)Where stories live. Discover now