Chapter 79

2K 283 8
                                    

အခန်းထဲက ကျောင်းသားတွေကို အုပ်စုလေးစု ခွဲထားတယ် ။ ရဲ့ရိဟန်ပါတဲ့ အုပ်စုက တံခါးပေါက်နဲ့ အနီးဆုံးပဲ ။ အတန်းချိန်စတာနဲ့ ကျောင်းသားတွေက အတန်းနံရံမှာ ကျောကပ်ပြီး သွေးပူလေ့ကျင့်ခန်း အရင်လုပ်ကြတယ် ။

ရဲ့ရိဟန်က ခြေဖဝါးနှစ်ခုပေါ် မတ်မတ်ရပ် ၊ ရင်ကိုဖွင့် ၊ ခေါင်းကိုမော့ပြီး ပခုံးနှစ်ဘက်မြှင့်ကာ နောက်ကျောနံရံနဲ့ တသားတည်းဖြစ်အောင် ကပ်ထားတယ် ။

လီလီက ပလတ်စတစ်ပေတံရှည်ကြီးကိုင်ပြီး အခန်းရှေ့ ခေါက်တုံ့ခေါက်ပြန်လျှောက်ကာ တစ်ယောက်ချင်းစီကို လိုအပ်တာမှန်သမျှ သင်ကြားပြသတယ် ။

ဒါပေမဲ့ ဒီနေ့ တီချာလီက အရင်နေ့တွေက သဘောကောင်းတဲ့ တီချာလီနဲ့ လုံးဝမတူဘူး ။ ဘာကြောင့်ဆိုတာလည်း ကျောင်းသားတွေ မသိကြဘူး ။

" မင်းတို့ရဲ့ ခြေထောက်တွေ ဖြောင့်ဖြောင့်ရပ်ကြ .. အထူးသဖြင့် မိန်းကလေးတွေ ပိုပြီး အာရုံစိုက်ကြစမ်း .. ဘာလို့ ခြေထောက်တွေက စာရွက်များလို သာခွေယိုင်နေရတာလဲ "

တီချာလီက စူးစူးရှရှဆိုကာ ပေတံရှည်ကြီးနဲ့ သူမအနားရှိ ကောင်လေးသုံးယောက်ရဲ့ ပခုံးထက် ဖိထားရင်း
" ဘာကြောင့် ရေနစ်ထားတဲ့ ကြွက်စုတ်လေးတွေကို ကုပ်ကျနေရတာလဲ .. ခြေထောက်တွေချဲပြီး ပခုံးတွေ ဖွင့်ထား "

သူမက ဆံပင်ကို ပိုနီတေးစည်းထားပြီး အရပ်မြင့်မြင့် ခန္ဓာသွယ်သွယ်နဲ့ အကောင်းဆုံးကိုယ်ဟန်ကို ပိုင်ဆိုင်ထားတယ် ။

‌ကျောင်းသားတွေက ပထမတစ်ချိန် မနားခင် မိနစ်လေးဆယ်လောက် မရပ်မနား လေ့ကျင့်လိုက်ကြတယ် ။ ထို့နောက်တော့ ချွေးတရွှဲရွှဲနဲ့ ကျောင်းသားတွေက သုံးယောက်တစ်အုပ်စု ၊ လေးယောက်တစ်အုပ်စုနဲ့ ခင်ရာမင်ရာလူလေးတွေစုပြီး အမောဖြေကြတယ် ။

ရဲ့ရိဟန်က အားလုံးထက် ဆယ်မိနစ်ပိုရပ်ပြီးမှ အနားယူတယ်။ သူက အခန်းတံခါးကိုမှီပြီး ဝင်သက်လေကို ရှူသွင်းလိုက်တယ် ။  သူ့နံဘေးမှ ဝေ့ကျင်းရန်က သူ့မျက်နှာကို ငေးနေတယ် ။ ရဲ့ရိဟန်မျက်နှာထက် ဝဲကျနေတဲ့ ဆံစလေးတွေပေါ် နေ့လည်ခင်းနေရောင်ဖြာကျနေမှုက သူ့ကို အရောင်တင်ပေးလိုက်သလိုဖြစ်ပြီး မျက်စိကျိန်းအောင် တောက်ပနေတယ် ။

စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း(စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း)Where stories live. Discover now