Chapter 6

6.1K 774 9
                                    

တန်ဖိုးကြီးဇိမ်ခံပစ္စည်းတွေ ၊ အဖိုးတန် ပရိဘောဂတွေနဲ့ တန်ဆာဆင်ထားတဲ့ ယွမ်အိမ်ဝောာ်ကိုမြင်ရုံနဲ့ ယွမ်မိသားစုရဲ့ ချမ်းသာကြွယ်ဝမှုကို ခန့်မှန်းလို့ရတယ် ။ အိမ်အတွင်းပိုင်းပြင်ဆင်မှုကလည်း အိမ်ထဲရောက်လာသူတိုင်းကို ပါးစပ်အဟောင်းသားဖြစ်စေသည်အထိ အလွန်အကျွံကို တင့်တင့်တယ်တယ်ရှိလှတယ် ။ ဥတုသုံးရာသီကိုရေးဆွဲထားတဲ့ ဝါးပန်းချီတွေက အိမ်တော်ရဲ့ ဝင်ပေါက်လမ်းမှာ ခန့်ညားထည်ဝါစွာ တည်ရှိနေပြီး ပန်းချီကားတစ်ချပ်ရဲ့ တန်ဖိုးက မှန်းဆမရနိုင်အောင်ကို မြင့်မားလွန်းတယ် ။

ထျန်းလီအန်းက ခြေလှမ်းအနည်းငယ်သာခြားပြီး ယွမ်ရှောင်နောက်က လိုက်လာခဲ့တယ် ။ နှစ်ယောက်သား အတူတူရောက်လာပုံမျိုးနဲ့ ယွမ်ရှောင်မိဘတွေစောင့်နေတဲ့ ထမင်းစားခန်းထဲကို တန်းဝင်သွားကြတယ် ။

" ပါး , မား ..ကျွန်တော်တို့ရောက်ပြီ "

"ရောက်ပြီလား..လာ လာ ထိုင်ကြ..ညစာစားရအောင် "

မီကာ( ယွမ်ရှောင့်အမေ )က သူတို့နှစ်ယောက် အတူတူလာတယ်ထင်ပြီး ဝမ်းသာအားရဖြင့် ထလာကာ ယွမ်ရှောင့်ဘေးကခုံကို ဆွဲထုတ်ပြီး ထျန်းလီအန်းကို ထိုင်စေတယ် ။

ယွမ်ရှောင် အင်္ကျီလက်ကို သေသေသပ်သပ်နဲ့ ညင်သာစွာ ခေါက်တင်လိုက်ပြီး သူ့အဖေကိုကြည့်ကာ ကြင်နာစွာ မေးတယ် ။

" ပါး ကျန်းမာရေးကောင်းရဲ့လား "

" ကောင်းပါ့ကွာ ..မသေနိုင်သေးပါဘူး "

ယွမ်ရှောင်ရဲ့အဖေ ယွမ်ကျန်းက စီးပွားရေးကျားတစ်ကောင်ဖြစ်ပြီး ထျန်းလီအန်းရဲ့အဖေ ထျန်းယိုနဲ့ အတော်လေး ရင်းနှီးတဲ့ မိတ်‌ဆွေတွေ ။ သားနှစ်ယောက်ကို ကတိအတိုင်း လက်ထပ်ပေးထားပြီး သူတို့နှစ်ယောက်ကတော့ မိတ်ဆုံစားပွဲတွေမှာတွေ့ဖြစ်ကြတယ် ။ တစ်ခါတစ်လေ ဂေါ့ဖ်ရိုက် ၊ တစ်ခါတစ်ရံ အတူတကွ ရေနွေးကြမ်းသောက်ရင်း စကားစမြည်ပြောဖြစ်ကြသေးတယ် ။

( ဒီနေရာမှာ ရေနွေးကြမ်းကလေ အလွယ်ရေးလိုက်တာပါနော်..တကယ်တော့ တရုတ်တွေက မြန်မာတွေလို လက်ဖက်ခြောက်တစ်မျိုးတည်းသောက်တာမဟုတ်ဘဲ ကျန်းမာရေးကောင်းအောင် သောက်ကြတာမျိုး..ဥပမာ ဂန္ဓမာပန်းခြောက် ၊ စံပယ်ပန်းခြောက် ၊ နှင်းဆီပန်းခြောက် ၊ ‌red berry သီးခြောက် အစရှိသဖြင့်ပေါ့ ..အများကြီးပဲ ..ရေးရင်ဆုံးမှာ မဟုတ်ဘူး..ဟီး )

စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း(စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း)Where stories live. Discover now