Chapter 72

2.5K 310 12
                                    

ရှီးမူလင်က ဟိုတယ်ရှေ့မှာ တစ်ညလုံး စောင့်နေခဲ့တယ် ။ မနက်စောစောမှာ ဟိုတယ်ထဲက ဝက်ဝံဖြူဝတ်စုံနဲ့လူ ထွက်လာတယ် ။ ထိုအခါမှ အခန့်သော့အပိုယူပြီး ကားထဲကထွက်ကာ သူမဘော့စ်ရှိရာအထပ်ကို တက်လာခဲ့တယ် ။

တံခါးဖွင့်ဖွင့်ချင်းမြင်လိုက်ရတာက ကြမ်းပြင်အနှံ့ ပြန့်ကျဲနေတဲ့ အဝတ်တွေ ။ ကြိုဆိုနေတာက ခပ်ပြင်းပြင်း ယောက်ျားသုတ်ရည်အနံ့ ။

ခုတင်ထက်မှာတော့ သူမဘော့စ်က ကိုယ်တုံးလုံးနဲ့ ခြေရောလက်ပါ ကြိုးတုပ်ခံထားရတယ် ။ ပတ်ပတ်လည်မှာ အသုံးပြုပြီးသား sex toys တွေ အများအပြား ။

" ဘော့စ် "

ရှီမူလင် စိုးရိမ်တကြီးနဲ့ လုမင်းထန်ဆီသွားကာ ချည်ထားတဲ့ကြိုးတွေကို ဖြည်ပေးလိုက်တယ် ။ လုမင်းထန်ရဲ့ လက်ကောက်ဝတ်နှစ်ဖက်နဲ့ ခြေချင်းဝတ်နှစ်ဘက်လုံးမှာ သွေးတောင်စို့နေပြီ ။ ကြည့်ရတာ လန့်စရာကြီး ။

ရှီးမူလင် စောင်ယူပြီး လုမင်းထန်ကိုယ်ပေါ် ခြုံပေးလိုက်ကာ ကောလိပ်ကို ခွင့်လှမ်းတိုင်တယ် ။ ပြီးမှ တဘက်တစ်ထည်ကို ရေနွေးဆွတ်ပြီး သန့်ရှင်းပေးလိုက်တယ် ။

လုမင်းထန်ကိုယ်က အားနည်းသထက်နည်းလာတယ်လို့ သူမ ခံစားရတယ် ။ ညတုန်းက သူမဆေးခတ်ခဲ့တာ ဝိုင်တစ်ခွက်တည်း ။ ဘာလို့ ဘော့စ်ပါဆေးမိတဲ့ပုံ ပေါက်နေရတာလဲ ။

သူမနဲ့ လုမင်းထန် စတင်လက်တွဲခဲ့တာက လွန်ခဲ့တဲ့ လေးနှစ် ။ အဲ့မတိုင်ခင် လုမင်းထန်က နာမည်မကြီးသေးဘူး ။ သူမကလည်း မထင်မရှား သရုပ်ဆောင်လေးတွေကို တာဝန်ယူရသူ ။ လုမင်းထန်နဲ့ စာချုပ်ချုပ်မှ မော်ဒယ်လောကထဲ ရောက်လာတာ။

သုံးလတစ်ကြိမ်ထုတ်ဝေတဲ့ မဂ္ဂဇင်းတစ်စောင်ရဲ့ ပင်တိုင်မော်ဒယ်မဖြစ်ခင် သူတို့နှစ်ယောက်လုံး အရမ်းအလုပ်များခဲ့ရတယ် ။ နေရာဒေသအနှံ့အပြားကို သုံးလတစ်ခါသွားပြီး မဂ္ဂဇင်းဖိုတို နဲ့ ဘရန်းမျိုးစုံအတွက် ဓာတ်ပုံတွေ ရိုက်ပေးခဲ့ရတယ် ။

သို့ပေမဲ့ MY studio ထူထောင်ပြီးနောက် အရင်လို အလုပ်မများတော့ဘဲ အနားယူချိန် ရလာခဲ့တယ် ။

စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း(စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း)Where stories live. Discover now