Chapter 68

2.9K 341 11
                                    

ရဲ့ရိဟန်အပြုံးဟာ ဖျတ်ခနဲ ပျောက်ကွယ်သွားပြီး သူ့မျက်နှာက ချက်ချင်းပဲ အမူအရာကင်းမဲ့သွားတယ် ။ ပြတင်းပေါက်ဘက်ပြန်လှည့်ကြည့်ဝောာ့ ရှီရန်ယွိကို မတွေ့ရတော့ဘူး ။

ပြောတော့ သူ့ကို ခပ်ချေချေနေရမယ်ဆိုပြီး အရယ်မသတ်နိုင်အောင် မျက်နှာလာပြောင်ပြနေတယ် ။ တကယ်ပဲ အဲ့ဒီ ရှီရန်ယွိတစ်ယောက် ဘာဖြစ်ချင်နေမှန်းမသိ ။

" ထျန်းလေး , တကယ်ပဲ မင်းလား ??"
တစ်ဖက်သားကို ရှင်းလင်းပြတ်သားစွာ မမြင်ရခင်မှာတင် စိတ်လှုပ်ရှားနေတဲ့ ထိုလူဟာ အမေးစကားတစ်ခွန်းနဲ့အတူ ပြတင်းပေါက်နားက ပုံရိပ်လေးကို အတင်းပြေးဖက်မတတ် ရှေ့ဆက်လှမ်းလာခဲ့တယ် ။

ထျန်းလီအန်း ??

ဒီနာမည်ကို ကြားရတာ ဒုတိယအကြိမ်ပဲ ။

ရဲ့ရိဟန် ထိုယောက်ျားကို တွန်းထုတ်ပြီး စကားလုံးငါးလုံးတည်းနဲ့ ဘယ်လိုရှင်းပြရမလဲ တွေးတောနေမိတယ် ။ ထို့အပြင် ဒီလူက ရွှေရောင်ဂိတ်တံခါးကိုဖြတ်လာစဉ်တည်းက ပရိသတ်များစွာရဲ့ စိတ်ဝင်တစားအာရုံစူးစိုက်မှုကို ရယူလာခဲ့သူ ။

ယွမ်ရှောင်က အနက်ရောင် ပိုးသားအပျော့ ဘောင်းဘီရှည်နဲ့ မီးခိုးရောင် ရှပ်ကို ဝတ်ဆင်ထားတယ် ။ အပေါ်ကြယ်သီးသုံးလုံး ဖြုတ်ထားတာကြောင့် ဆွဲဆောင်မှုရှိလှတဲ့ ညှပ်ရိုးတစ်စုံက အထင်းသား ။ ဆံပင်ကို တစ်ဖက်ခွဲကာ နဖူးပေါ် ဝဲကျနေစေတယ် ။ ယွမ်ရှောင်က သူ့ရဲ့ ယခင်တည်ကြည်လေးနက်မှုကို ပြောင်းလဲလာခဲ့တယ် ။ သူ့ရဲ့ ယခုစတိုင်လ်က နည်းမှန်လမ်းမှန်သိပ်မကျပေမဲ့ အတော်လေးကြည့်ကောင်းကာ ချောမောပြေပြစ်လွန်းတယ် ။

ယွမ်ရှောင်က တစ်လှမ်းချင်းလှမ်းလာပြီး သူ့ အနောက်မှာ ကျောင်းအုပ်ကျန်းက ထပ်ကြပ်မကွာ လိုက်ပါလာတယ် ။

ရဲ့ရိဟန် သူ့ရှေ့ကလူကို ထပ်လှည့်ကြည့်လိုက်တယ် ။ ဒီလူ့အသားအရေက ဖြူလွန်းလို့ သွေးမရှိတဲ့အတိုင်းပဲ ။ မျက်လုံးဝိုင်းဝိုင်းတွေထဲမှာက ပြာလဲ့လဲ့ မျက်ဆန်လေးနဲ့ ။

" ထျန်းလေး ...... "
ထိုလူက ပွေ့ဖက်လိုက်ချင်ပေမဲ့ ရဲ့ရိဟန်အကြည့်ကြောင့် ကိုယ်ရှိန်သတ်သွားတယ် ။

စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း(စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း)Donde viven las historias. Descúbrelo ahora