Chapter 3

6.8K 977 43
                                    

ကိန်းကြီးခန်းကြီးမနိုင်ဘဲ အညိုနုရောင် မိုးကာသားအင်္ကျီကို ခပ်ရိုးရိုးလေးသာ
ဝတ်ဆင်ထားတဲ့လူတစ်ယောက်က မှန်ကောင်တာနားမှာ ရပ်နေတယ် ။ ထိုလူက သူ့ဆံပင်တစ်ဝက်ကို နားရွက်အောက်နားလေးမှာ စုစည်းထားတယ် ။

သူက ကိတ်မုန့်သွားယူနေတဲ့ ဝိတ်တာလေးကို ရပ်စောင့်နေတာ ။

"လူကြီးမင်းမှာထားတဲ့ Red velvet heart cake ရပါပြီ "

"ကျေးဇူးတင်ပါတယ် "

ထျန်းလုအန်း ခေါင်းညိတ်ပြပြီး အနီရောင်ရှေးခေတ်စက္ကူနဲ့ လှပသေသပ်စွာ ထုပ်ပိုးထားသော ကိတ်ဘူးလေးကို ယူလိုက်တယ် ။

"ယွမ်ဂရုရဲ့ ပြောရေးဆိုခွင့်ရှိသူက သူတို့ Yun Group နဲ့ MY Studio တို့ တရားဝင် လတ်မှတ်ရေးထိုးပြီးကြောင်း ဆိုလာပါတယ်... ယွမ်ဂရုရဲ့ စီအီးအို ယွမ်ရှောင် နဲ့ F City ရဲ့ စူပါမော်ဒယ် လုမင်းထန်တို့က လတ်မှတ်ရေးထိုးပွဲကို တက်ရောက်လာကြပါတယ် "

ထျန်းလုအန်းမျက်လုံးက အသံထွက်ပေါ်လာတဲ့ နံရံထက်က တီဗွီကို တန်းရောက်သွားတယ် ။ တီဗွီထဲမှာ ယွမ်ရှောင်တို့နှစ်ယောက် လက်ဆွဲနှုတ်ဆက်နေကြပြီး ယွမ်ရှောက်ရဲ့လက်က လုမင်းထန် ခါးပေါ် လျောဆင်းသွားတယ် ။ နှစ်ယောက်သားရဲ့ လက်ကောက်ဝတ်မှာ ဆင်တူဝတ်ထားတဲ့ စုံတွဲနာရီကိုလည်း မသိမသာ လှစ်ဟပြရင်းပေါ့ ။

MY Studio ?!

(လုမင်းထန်က Min နဲ့ ယွမ်ရှောင်က Yun)

သံသယတွေဖြစ်နေစရာမလိုပါဘူး ။ သူတွေးထားတဲ့အတိုင်းပါပဲ ။ သူတို့နှစ်ယောက်က ဒီစတူဒီယိုကိုအတူတည်ထောင်ပြီး ပို၍သာရင်းနှီးနီးကပ်နေနှင့်ပြီးကြပြီပေါ့ ။

ထျန်းလုအန်း သူ့အင်္ကျီလက်ကို သူ့လက်ကောက်ဝတ်က နာရီဖုံးတဲ့အထိ ဆွဲချလိုက်တယ် ။ ဒီနာရီက မနှစ်ကတုန်းက
နှစ်နှစ်ပြည့်မင်္ဂလာ လက်ဆောင်အဖြစ် ယွမ်ရှောင်ပေးထားတာ ။

တိတိကျကျဆိုရရင်တော့....ယွမ်ရှောင်ပေးတဲ့ ကဒ်နဲ့ ထျန်းလုအန်းဘာသာ ဝယ်ထားတဲ့နာရီ ။ သူ့ အခန်းထဲမှာ ဒါနဲ့ဆင်တူ နောက်တစ်လုံးတောင်ရှိသေးတယ် ။

ဆင်တူဝတ်ချင်လို့ စုံတွဲနာရီလေး ဝယ်မိပါရဲ့ ။ ဒါပေမယ့် ရှီအန်ချန်းက တားတယ်လေ ။ ယွမ်ရှောင်က မလိုချင်တာမို့ သွားမပေးလိုက်ပါနဲ့တဲ့ ။

စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း(စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း)Where stories live. Discover now