Chapter 51 to 59 (Uni)

6.3K 513 86
                                    


Chapter 51

ခုန့်ရန်အင်တာတိန်းမန့်က အင်တာနက်ပေါ်မှာဟော့ဖြစ်နေတဲ့သတင်းကို မြန်မြန်ဆန်ဆန်ပဲ အစဖျောက်ပြီး အဲ့ဒီနေရာမှာ ဇာတ်ကားသစ် 'Yang' ရဲ့ ပရိုမိုးရှင်း ပိုစတာကို အစားထိုးကာ လူတွေရဲ့ အာရုံကို ပြောင်းလိုက်တယ် ။

ဖုတ်ပူမီးတိုက် ပျောက်ကွယ်သွားစေတဲ့ အကြောင်းရင်းက........ ခုန့်ရန်ရဲ့ ကိစ္စအဝဝကို နောက်ကွယ်ကနေ တိတ်တဆိတ်ကြိုးကိုင်နေတဲ့ သူဌေးမင်းက ရှန်းယွင်ခုန့်ကိုယ်တိုင်ဖြစ်နေလို့ပါပဲ ။ ဒါပေမဲ့ ကုမ္ပဏီရဲ့ သူဌေးအဖြစ် ရဲ့အားလင်က နာမည်ခံထားပြီး ဈေးကွက်ရှာဖွေရေး တာဝန်ခံ နဲ့ ရှန်းယွင်ခုန့်ရဲ့ သီးသန့်‌မန်နေဂျာဆိုလည်း ဟုတ်တယ် ။

သူတို့က နောက်မှပေါက်တဲ့ ရွှေကြာဆိုပေမဲ့ ရေမြင့်တော့ ကြာတင့်တယ် ။ ရဲ့အားလင်က အတော်အရည်အချင်းရှိတယ် ။ ဈေးကွက်တာဝန်ခံတစ်ယောက်အနေနဲ့ ပြင်ပလောကမှာ ဘယ်လိုပရိုမိုးရှင်းဆင်းပြီး ငွေ‌တွေသဲ့ယူရမလဲ ကောင်းကောင်းသိသလို မန်နေဂျာတစ်ယောက်အနေနဲ့ သရုပ်ဆောင်တစ်ယောက်ကို လျှမ်းလျှမ်းတောက်အောင်မြင်အောင် ဘယ်လိုပျိုးထောင်ပေးရမလဲ အထာနပ်ပြီးသား ။ ခုန့်ရန်အင်တာတိန်းမန့်ကို သူရှာပေးထားတဲ့‌ငွေတွေက မနည်းမနော ။ သူ ပျိုးထောင်ပေးခဲ့တဲ့ ရှန်းယွင်ခုန့်ဆို အကယ်ဒမီဆု တပွေ့တပိုက်နဲ့ နိုင်ငံတဝှမ်း မသိသူမရှိအောင် အောင်မြင်ကျော်ကြားတယ် ။ ဒါကြောင့် ဖျော်ဖြေရေးလောကမှာ ရဲ့အားလင်ကို ' မိစ္ဆာလက် ' လို့တောင် ခေါ်ဝေါ်သမုတ်ကြတယ် ။

မင်းကို သူတို့ မျက်စိကျသွားပြီဆိုရင် မင်းတစ်ဘဝလုံး ကော်ဇောနီပေါ် လျှောက်လှမ်းရလိမ့်မယ် လို့တောင် ဆိုရိုးစကား တွင်တဲ့အထိ ။

" အဲ့ဒီမီဒီယာက ခေါင်းကြီးပိုင်းသတင်းအဖြစ် ရေးရဲတယ်ပေါ့ ?? ငါ့အစ်ကို ခုန့်ကိုများ ရာရာစစ ! "

ရဲ့အားလင်က သူ့အကောင့်မှာပို့စ်တင်ပြီး ကြိမ်းမောင်းလိုက်တယ် ။

ရဲ့အားလင်က ထျန်းလီအန်းကို ဖြည်းဖြည်းချင်းလက်ခံနိုင်လာပြီး အစ်ကိုလို့ခေါ်ခဲ့တာကတော့ ပူပူနွေးနွေးပဲ ရှိသေးတယ် ။

စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း(စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း)Where stories live. Discover now