Chapter 34

5.4K 703 35
                                    

မွန်းလွဲပိုင်းမှာ ထျန်းလီအန်းရဲ့ ပါးလှပ်လှပ်ကိုယ်လေးက ရီထင်းဟိုတယ်ထဲမှ ထွက်လာခဲ့တယ် ။ ဒီနေရာက မြို့လယ်ခေါင်နဲ့ဝေးပေမယ့် ရိုးရိုးရှင်းရှင်းပေါ့ပေါ့ပါးပါးနဲ့ အေးချမ်းလှတယ် ။

ဟုန်ကုဆိပ်ကမ်းက အစ်ကိုကျားကြီး (ကျန်းဟူ) ထံမှ အကြောင်းကြားချက်ရထားတာကြောင့် မနက်ဖြန်မနက်တော့ ဆိပ်ကမ်းကို သူ သွားရလိမ့်မယ် ။

ယွီယွမ်( တော်ဝင်ဥယျာဉ် )ကို ပြန်ရောက်တော့ ကားထဲကဆင်းလိုက်ပေမယ့် အိမ်ထဲတန်းဝင်မသွားသေးဘူး ။ မွစာကြဲအောင် ဖျက်ဆီးခံထားရတဲ့ပန်းခင်းဘေးမှာ မတ်တတ်ရပ်နေမိတယ် ။ အခင်းတစ်ခုလုံးမှာ ပန်းပွင့်အကြွေတွေဖုံးလို့ ။

ချုံးချုံးကျနေတဲ့လူတစ်ယောက်လို စိတ်ပျက်အားလျော့စွာနဲ့ သူ့ကိုယ်ကို ငုံ့ကိုင်းထားတယ် ။ သူ့နှလုံးသားက မနေ့ကတည်းက ပန်းခင်းနဲ့အပြိုင် မွမွကြေအောင် အဖျက်ဆီးခံခဲ့ရပြီးပါပြီ ။ ဒါပေမယ့် အခုလည်းပဲ မသိနိုးနားနိုင်စွာနဲ့ နာကျင်မှုတွေ ပြည့်‌သိပ်နေတုန်းပါပဲ ။

သူ ကောင်းကောင်းအနားမယူရသေးလို့ပဲ ဖြစ်မှာပါလေလို့ တွေးလိုက်မိတယ် ။

အိမ်ထဲဝင်လာပြီး ဧည့်ခန်းထဲမှာ အညိုရောင်သားရေအိတ်နဲ့ အနီရောင်စာတစ်စောင်ကို တွေ့လိုက်ရပြီးနောက် ...... ။

သူ ခက်ခက်ခဲခဲ ဆွဲထားခဲ့တဲ့ ကြိုးလေးက ထောက်ခနဲ ပြတ်တောက်သွားခဲ့ရပြီပဲ !

ဒါကိုမြင်တာနဲ့ ဘာလဲဆိုတာ သူသိတယ် ။ ဟိုအရင်တည်းက မြင်ဖူးနေခဲ့တာ ။ ဒါက ယွမ်ရှောင်နဲ့လက်ထပ်ပြီး တစ်ပတ်အကြာမှာ ယွမ်ရှောင် ယူလာခဲ့တဲ့ အရာ ။

အဲ့ဒီတုန်းက ယွမ်ရှောင်က ပြောခဲ့တယ် ။ နောက်သုံးနှစ်အကြာမှာ လုမင်းထန် တရုတ်ပြည်ကို ပြန်လာလိမ့်မယ်.. အဲ့ကျရင် ငါတို့ ကွာရှင်းကြမယ်တဲ့ ။

ထျန်းလီအန်းက သားရေအိတ်လေးကို ကောက်ယူပြီး အလျင်အမြန် ဖွင့်ကြည့်လိုက်တယ် ။

အဖြူ အမဲနဲ့ ပုံနှိပ်ထားတဲ့ နှစ်ဦးသဘောတူ ကွာရှင်းစာချုပ်တစ်စောင်ထွက်လာပြီး ပိုင်ဆိုင်မှုခွဲဝေခြင်း‌အပါအဝင် တခြားအကြောင်းအရာများစွာနဲ့ စာမျက်နှာ ဆယ်မျက်နှာလောက်ရှိတယ် ။  တစ်ရွက်ချင်းစီတိုင်းမှာ ယွမ်ရှောင်က လတ်မှတ်ထိုးထားပြီးသား။

စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း(စတန့်ထွင်လွန်းတဲ့ ခင်ပွန်းဟောင်း)Where stories live. Discover now