အပိုင်း(၂)

6K 755 40
                                    

[Unicode]

ဒီလို​Trollကောင်နဲ့အမှန်အမှားကိုပြိုင်မငြင်းသင့်ဘူး

TTC၏အသင်းယူနီ​ဖောင်းကိုဝတ်ထားသည့် မျက်နှာစိမ်းကစားသမားနှစ်​ယောက် စင်​ပေါ်တက်လာသည်ကိုကြည့်​နေရင်း ကျန်းရုန်မှာ အဖုံးဖွင့်ထားပြီးဖြစ်သည့် အသင့်​သောက်​ကော်ဖီဘူးကိုပင် ​သောက်ရန်​မေ့သွား​​တော့သည်။ barrageထဲမှာလည်း "??????"​တွေနှင့် ပြည့်ကျပ်ကုန်ပြီး ကျန်းရုန်ရဲ့ကွန်ပြူတာပင် စက္ကန့်အနည်း​ငယ်​လောက် lag(ထစ်)သွား​လေသည်။

ပရိတ်သတ်​တွေကိုမဆိုထားနှင့် စင်​ပေါ်မှာ​နေရာယူထားပြီးဖြစ်သည့် အစားထိုးကစားသမားနှစ်​ယောက်လုံး အထူးသဖြင့် Road၏အစားထိုးကစားသမားပင်လျှင် ​အ​တော်​လေး​ သောက​ရောက်နေဟန်​နှင့်။

ရှင်းလင်းတင်ဆက်သူ သုံး​ယောက်သည်လည်း ကို့ရို့ကားယား ပ​ဟေဠိဖြစ်​နေ​သည့်အပြုံး​တွေနှင့် တစ်ယောက်ကိုတစ်​ယောက်ကြည့်လိုက်ကြပြီးမှ အမူအရာကို​ ပြန်ပြောင်းလိုက်ကြသည်။

"TTCမှာ ဗျူဟာ​တွေ​သေချာ​ပေါက်ရှိ​နေ​လောက်တယ်...​နော်"

ရှင်းလင်းတင်ဆက်သူAက အ​ကြောင်းအရာအသစ်ကို ​ပြောင်းလိုက်သည်။

သူ့အသင်း​ဖော်၏ အချက်ပြမှုကိုရသည်နှင့် အခြားတစ်​ယောက်ကလည်း အလျင်အမြန်​ခေါင်းငြိမ့်ကာ ဝင်​ထောက်ခံသည်။

"အခြားနည်းလမ်းအသစ်​တွေကိုလည်း သေချာ​ပေါက်လေ့ကျင့်ထားကြမယ်ထင်တယ်၊ ဒါ​ပေမယ့် ကျွန်​တော်သာ အမှတ်မမှားရင် ဒီတစ်​ခေါက်က TTCရဲ့အစားထိုးJunglerအတွက် ပထမဆုံးအကြိမ် စင်​ပေါ်တက်တာမလား?"

"ဟုတ်တယ်၊ သူက အ​တော်​လေးအင်အားကြီးပြီး​တော့ အဖွဲ့လိုက်တိုက်စစ်ဆင်တာ​တွေမှာလည်း​ တော်တဲ့ကစားသမားလေ"

ပြိုင်ပွဲက တရားဝင်မစ​သေးသည်ကြောင့် ကပ်ဖားရပ်ဖားလုပ်​နေသည့် ရှင်းလင်းတင်ဆက်သူတွေ၏စကားဝိုင်းကို နားမ​ထောင်ချင်တာမို့ ကျန်းရုန်က အသံကိုပိတ်လိုက်ပြီး ​မေးခွန်း​မေးလိုက်သည်။

||Complete|| I Can Do It [MM Translation]Where stories live. Discover now